ရခိုင်အရေးကို အကြောင်းပြပြီး အမြတ်မထုတ်ကြဖို့ နိုင်ငံတကာကို ဦးရွှေမန်း သတိပေး

0
352

ရခိုင်အရေးဟာ မြန်မာ့အရေး၊ ပြည်တွင်းရေးအဖြစ်ပြီး ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီး အမြတ်မထုတ်ဖို့ သူရဦးရွှေမန်းက သတိပေး လိုက်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ ဒီကနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာ မျက်နှာကတစ်ဆင့် အဲဒီလိုပြောဆိုလိုက်တာပါ။

13934755_1744275302496057_985798407403435024_n

အချို့လူပုဂ္ဂိုလ်နဲ့ အချို့နိုင်ငံတွေဟာ ရခိုင်အရေးကို ၀င်ရောက် စွက်ဖက်ချင်နေကြပြီး မိမိနိုင်ငံကိစ္စကို မိမိတို့ ဖြေရှင်းနိုင်တယ်လို့ သူရဦးရွှေမန်းက ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံမှာ ဥပဒေရှိပြီး ကုလသမဂ္ဂနဲ့ ကမ္ဘာက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတွေကို အားထားရမှာ ဖြစ်တယ်လို့ သူက ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို နှိမ်နင်းရာမှာ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှု တွေရှိတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံတွေ နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ခေါ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့က အလွတ်သဘော အစည်းအဝေးတစ်ခုပြုလုပ်ကာ အစိုးရ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပြီး အာဆီယံ နိုင်ငံတွေက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)