ကေအိုင်အေက ဒရုန်းအသုံးပြုပြီး တပ်မတော် အခြေအနေကို ထောက်လှမ်း

0
272

ကေအိုင်အေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်း တပ်မတော်ရဲ့အခြေပြုစစ်စခန်းတစ်ခုကို ဒရုန်းအသုံးပြုပြီး စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

15589803_1955512934676397_4155765548197776764_n

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီယာဉ်ငယ်ကို တပ်မတော်က တွေ့ရှိသဖြင့် လက်နက်ငယ်နဲ့ ပစ်ချဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ စုစုပေါင်း ဒရုန်းယာဉ်လေးစီးနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး သုံးစီးမှာ လက်နက်ထိမှန်မှုကြောင့် ကောင်းကင်မှာပင် ပေါက်ကွဲပျက်စီးခဲ့ပြီး ကျန်တစ်စီးမှာ လက်နက်ငယ်ထိမှန်မှုကြောင့် ပျက်ကျလာပြီး တပ်မတော်က သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီပျက်ကျယာဉ်ကို စစ်ဆေးရာမှာ ဖောက်ခွဲတိုက်ခိုက်ဖို့ ယမ်းထုပ်တွေ တပ်ဆင်ထားပြီး ဘက်ထရီ ၃ လုံး၊ အလို အလျောက်ပျံသန်းမှုစနစ် ၁ ခု၊
ကင်မရာ ၁ လုံး၊ မော်တာ ၅ ခု၊ GPS ၁ ခု၊ Auto Pilot Sensor ၁ ခုတို့ တပ်ဆင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)