ကလေးအားလုံး တန်းတူအခွင့်အရေးရဖို့ အစိုးရအနေနဲ့ ဆောင်ရွက်နေ

0
19

Unicode Version

ကလေးအားလုံး တန်းတူအခွင့်အရေးရရှိအောင် အစိုးရအနေနဲ့ စီမံဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့အနက် ကလေးသူငယ် ၁၇ သန်းခန့် ရှိနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အဲဒီကလေးတွေအနေနဲ့ အနာဂတ်ကာလမှာ ခွဲခြားဆက်ဆံခံရခြင်းမရှိစေဖို့၊ အခွင့်အရေးအားလုံး တန်းတူရရှိစေဖို့ အတွက် ကလေးသူငယ်တွေရဲ့ အဓိကရပိုင်ခွင့်ဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ စောက့်ရှောက်ခံပိုင်ခွင့်နဲ့ ပါဝင်ခွင့် စတဲ့အချက်တွေကို တန်းတူရရှိနိုင်အောင် နိုင်ငံတော် အစိုးရအနေနဲ့ စီမံဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ပြုလုပ်တဲ့ နှစ် (၃၀)ပြည့် ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်အခမ်းအနား (၂၀၁၉ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့) အဖွင့်အမှာစကား ပြောကြားစဉ်မှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။

အင်တာဗျူး- ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး)
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန

အနာဂတ် မြန်မာနိုင်ငံတော်ကို တာဝန်ယူကြမယ့် ကလေးသူငယ်တွေအပေါ် အစိုးရရဲ့ စီမံဆောင်ရွက်နေမှုကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီအစီအမံတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့လိုသလို ဘတ်ဂျတ်သုံးစွဲနိုင်ဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

ဒီအတွက် နိုင်ငံတော်အစိုးရအနေနဲ့ ဆင်းရဲနွမ်းပါးမှုအညွှန်းကိန်းအပေါ်မူတည်ပြီး အနိမ့်ကျဆုံး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ဦးစားပေးအဆင့် သက်မှတ်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ကမျဘာ့ကလေးမွားအားလုံးအတှကြ ရညရြှယပြှီး နှဈ (၃၀)ပှည့ြ ကလေးသူငယြ အခှင့အြရေးမွားဆိုငရြာ ကုလသမဂျဂကှနဗြငြးရှငြး အထိမြးအမှတအြခမြး အနားကို မှနမြာနိုငငြံအပါအဝငြ ကမျဘာ့နိုငငြံပေါငြး ၁၉ဝကွောကြ တဈခွိနတြညြး ကငွြးပနကှတောဖှဈပါတယြ။ မှနမြာနိုငငြံမှာတော့ အခနြးအနားကငွြးပခငွြးနဲ့အတူ တိုငြးနယပြှညနြယြ အသီးသီးက ကလေးသူငယတြှေ အတူတဈကှ စုံစညြးပှီး သူတို့ရဲ့ အသံတှကေိုလညြး ထုတဖြောခြဲ့ကှတယလြို့သိရပါတယြ ခငဗြွာ။

ကလေးအားလုံး တနျးတူအခှငျ့အရေးရဖို့ အစိုးရအနနေဲ့ ဆောငျရှကျနေ

Zawgyi Version

ကလေးအားလုံး တန်းတူအခွင့်အရေးရရှိအောင် အစိုးရအနေနဲ့ စီမံဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့အနက် ကလေးသူငယ် ၁၇ သန်းခန့် ရှိနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အဲဒီကလေးတွေအနေနဲ့ အနာဂတ်ကာလမှာ ခွဲခြားဆက်ဆံခံရခြင်းမရှိစေဖို့၊ အခွင့်အရေးအားလုံး တန်းတူရရှိစေဖို့ အတွက် ကလေးသူငယ်တွေရဲ့ အဓိကရပိုင်ခွင့်ဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ စောက့်ရှောက်ခံပိုင်ခွင့်နဲ့ ပါဝင်ခွင့် စတဲ့အချက်တွေကို တန်းတူရရှိနိုင်အောင် နိုင်ငံတော် အစိုးရအနေနဲ့ စီမံဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ပြုလုပ်တဲ့ နှစ် (၃၀)ပြည့် ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်အခမ်းအနား (၂၀၁၉ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့) အဖွင့်အမှာစကား ပြောကြားစဉ်မှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။

အင်တာဗျူး- ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး)
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန

အနာဂတ် မြန်မာနိုင်ငံတော်ကို တာဝန်ယူကြမယ့် ကလေးသူငယ်တွေအပေါ် အစိုးရရဲ့ စီမံဆောင်ရွက်နေမှုကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီအစီအမံတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့လိုသလို ဘတ်ဂျတ်သုံးစွဲနိုင်ဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

ဒီအတွက် နိုင်ငံတော်အစိုးရအနေနဲ့ ဆင်းရဲနွမ်းပါးမှုအညွှန်းကိန်းအပေါ်မူတည်ပြီး အနိမ့်ကျဆုံး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ဦးစားပေးအဆင့် သက်မှတ်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အင်တာဗျူး- ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး)
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန

ကမ္ဘာ့ကလေးများအားလုံးအတွက် ရည်ရွယ်ပြီး နှစ် (၃၀)ပြည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်အခမ်း အနားကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉ဝကျော်က တစ်ချိန်တည်း ကျင်းပနေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အခန်းအနားကျင်းပချင်းနဲ့အတူ တိုင်းနယ်ပြည်နယ် အသီးသီးက ကလေးသူငယ်တွေ အတူတစ်ကွ စုံစည်းပြီး သူတို့ရဲ့ အသံတွေကိုလည်း ထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ် ခင်ဗျာ။