လူငယ်တွေရဲ့ ပညာအရည်အချင်းနဲ့ အလုပ်ရဲ့လိုအပ်မှု ကွဲလွဲလို့ အလုပ်ရှားပါး

0
47

Unicode Version

လူငယ်တွေရဲ့ ပညာအရည်အချင်း အဆင်သင့်ဖြစ်မှုနဲ့ အလုပ်ခွင်ရဲ့ လိုအပ်ချက်တွေ ကွဲလွဲနေတာကြောင့် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေတာဖြစ်တယ်လို့ Plan International Myanmar ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကလည်း နိုင်ငံတကာနည်းတူ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုပြဿနာ ကိုကြုံတွေ့နေရတာကြောင့် လူငယ်တွေနဲ့ အလုပ်ရှင်တွေ တွေ့ဆုံပြီး ဆွေးနွေးမှုတွေပြုလုပ်သင့်တယ်လို့ Plan International Myanmar ရဲ့စီမံကိန်း ဒါရိုက်တာကပြောပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ Plan International Myanmar ရုံးမှာပြုလုပ်ခဲ့တဲ့ တန်းတူညီမျှမိန်းကလေးတို့ဘဝ – ၉၉ ရက်တာလှုပ်ရှားမှု အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ အထိမ်းအမှတ်အခမ်းအ နား တေးဂီတဖျော်ဖြေပွဲနဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ သတင်းစာရှင်းလင်းပွဲ အခမ်းအနားမှာ အခုလိုပြောခဲ့ တာပါ။

Soundbite – ဒေါ်လင်းလင်းအောင်(စီမံကိန်းဒါရိုက်တာ)
Plan International Myanmar

ဒါ့အပြင် Plan International Myanmar ကပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲမှာလည်း ပြည်တွင်း၊ ပြည်ပက ကုမ္ပဏီတွေ လာရောက်ပြသခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ရာနဲ့ချီပြီးဖန်တီးပေးနိုင်မယ့်လို့ယုံကြည် တယ်လို့လည်း ပြောပါတယ်။

နိုဝငဘြာလ ၂၀ ရကနြေ့က Plan International Myanmar နဲ့ ရနကြုနတြိုငြးဒသကှေီး လူငယရြေးရာကောမြတီ တို့ပူးပေါငြးပှီး ပှညသြူ့ရငပြှငမြှာ ပှညတြှငြး/ပှညပြ အဖှဲ့အစညြး ၅၄ ခုတို့ကလူငယတြှအတှေကြ သင့တြင့ြ ကောငြးမှနတြဲ့ အလုပအြကိုငတြှကေို ဖနတြီးပေးနတော ဖှဈပါတယခြငဗြွာ။

လူငယျတှရေဲ့ ပညာအရညျအခငြျးနဲ့ အလုပျရဲ့လိုအပျမှု ကှဲလှဲလို့ အလုပျရှားပါး

Zawgyi Version

လူငယ်တွေရဲ့ ပညာအရည်အချင်း အဆင်သင့်ဖြစ်မှုနဲ့ အလုပ်ခွင်ရဲ့ လိုအပ်ချက်တွေ ကွဲလွဲနေတာကြောင့် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေတာဖြစ်တယ်လို့ Plan International Myanmar ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကလည်း နိုင်ငံတကာနည်းတူ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုပြဿနာ ကိုကြုံတွေ့နေရတာကြောင့် လူငယ်တွေနဲ့ အလုပ်ရှင်တွေ တွေ့ဆုံပြီး ဆွေးနွေးမှုတွေပြုလုပ်သင့်တယ်လို့ Plan International Myanmar ရဲ့စီမံကိန်း ဒါရိုက်တာကပြောပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ Plan International Myanmar ရုံးမှာပြုလုပ်ခဲ့တဲ့ တန်းတူညီမျှမိန်းကလေးတို့ဘဝ – ၉၉ ရက်တာလှုပ်ရှားမှု အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ အထိမ်းအမှတ်အခမ်းအ နား တေးဂီတဖျော်ဖြေပွဲနဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ သတင်းစာရှင်းလင်းပွဲ အခမ်းအနားမှာ အခုလိုပြောခဲ့ တာပါ။

Soundbite – ဒေါ်လင်းလင်းအောင်(စီမံကိန်းဒါရိုက်တာ)
Plan International Myanmar

ဒါ့အပြင် Plan International Myanmar ကပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲမှာလည်း ပြည်တွင်း၊ ပြည်ပက ကုမ္ပဏီတွေ လာရောက်ပြသခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ရာနဲ့ချီပြီးဖန်တီးပေးနိုင်မယ့်လို့ယုံကြည် တယ်လို့လည်း ပြောပါတယ်။

Soundbite – ဒေါ်လင်းလင်းအောင်(စီမံကိန်းဒါရိုက်တာ)
Plan International Myanmar

နိုဝင်ဘာလ ၂၀ ရက်နေ့က Plan International Myanmar နဲ့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ တို့ပူးပေါင်းပြီး ပြည်သူ့ရင်ပြင်မှာ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း ၅၄ ခုတို့ကလူငယ်တွေအတွက် သင့်တင့် ကောင်းမွန်တဲ့ အလုပ်အကိုင်တွေကို ဖန်တီးပေးနေတာ ဖြစ်ပါတယ်ခင်ဗျာ။