မြန်မာအားလုံး ကျန်းမာသန်စွမ်းဖို့ ကျန်းမာရေးအသိပညာပေးနေ

0
19

Unicode Version

မြန်မာအားလုံး ကျန်းမာသန်စွမ်းဖို့ ကျောင်းသားလူငယ်တွေကိုအခြေပြူပြီး ကျန်းမာရေး အသိပညာပေးနေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ် ။ဒီသတင်းကို MCN သတင်းထောက် သော်တာတိုး က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံတစ်နိုင်လုံးအတိုင်းအတာနဲ့ လူဦးရေ ၅၅ သန်းကျော်ရှိနေပြီး ကျန်းမာသန်စွမ်းတဲ့ လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ဖို့၊ ကောင်းမွန်တဲ့ ပညာရေးစနစ်ကို သင်ယူနိုင်ဖို့အတွက် အရေးပါတဲ့ ကျန်းမာရေး အလေ့ အကျင့်ကောင်းတွေကို မြန်မာပြည်သူအားလုံ လိုက်နာကျင့်သုံးနိုင်စေဖို့အတွက် ကျောင်းသား လူငယ်တွေကို အခြေပြုပြီး ကျန်းမာရေးအသိပညာပေးနေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ကပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ရေအိမ်များနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး က အခုလို ထည့်သွင်းပြော ကြားခဲ့တာဖြစ်ပါတယ်။

အင်တာဗျူး- ဒေါက်တာမျိုးသိမ်းကြီး (ပြည်ထောင်စုဝန်ကြီး) ပညာရေးဝန်ကြီးဋ္ဌာန

ပညာရေးဝန်ကြီးဋ္ဌာနအနေနဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံများ သိရှိလိုက်နာစေဖို့အတွက် သင်ရိုးညွှန်း တမ်းစာအုပ်တွေမှာ ထည့်သွင်း သင်ကြားပေးနေတာပါ။ဒါ့အပြင် ကျောင်းသားကျောင်းသူတွေနဲ့ လူငယ်တွေကို ချိန်းခြောက်နေတဲ့ မူးယစ်ဆေး အန္တရာယ်နဲ့ ဆေးလိပ်၊ အရက်တို့ရဲ့ အန္တရာယ်တွေကိုလည်း အသိပညာပေး လုပ်ငန်းတွေအပြင် တားဆီးကာကွယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

မှနမြာနိုငငြံအနှံ့မှာ ပညာရေးဝနကြှီးဋျဌာနက ဖှင့လြှဈထားတဲ့ အခှခေံပညာကွောငြးပေါငြး ၄၇၀၀၀ ကွောနြဲ့ ဘုနြးတောကြှီးသငြ ပညာရေးကွောငြး၊ ပုဂျဂလိက ကွောငြးတှမှော ပညာသငကြှားနတေဲ့ ကွောငြးသူကွောငြးသား ၉ သနြးကွောရြှိနတေဲ့အတှကြ ကွောငြးသားလူငယတြှကေို ကနွြးမာရေး အသိပညာပေး အစီစဉကြို ကောငြးမှနစြှာဆောငရြှကပြေးနိုငမြယဆြိုပါက မိဘ အဖိုးအဘှား တှကေိုထိ ကနွြးမာရေး အလေ့အကငွ့ြ ကောငြးတှေ ကူးစပစြမယေလြို့ ယုံကှညတြယလြို့ ပှညထြောငစြုဝနကြှီးက ပှောပါတယြ ခငဗြွာ။

မွနျမာအားလုံး ကနြျးမာသနျစှမျးဖို့ ကနြျးမာရေးအသိပညာပေးနေ

Zawgyi Version

မြန်မာအားလုံး ကျန်းမာသန်စွမ်းဖို့ ကျောင်းသားလူငယ်တွေကိုအခြေပြူပြီး ကျန်းမာရေး အသိပညာပေးနေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ် ။ဒီသတင်းကို MCN သတင်းထောက် သော်တာတိုး က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံတစ်နိုင်လုံးအတိုင်းအတာနဲ့ လူဦးရေ ၅၅ သန်းကျော်ရှိနေပြီး ကျန်းမာသန်စွမ်းတဲ့ လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ဖို့၊ ကောင်းမွန်တဲ့ ပညာရေးစနစ်ကို သင်ယူနိုင်ဖို့အတွက် အရေးပါတဲ့ ကျန်းမာရေး အလေ့ အကျင့်ကောင်းတွေကို မြန်မာပြည်သူအားလုံ လိုက်နာကျင့်သုံးနိုင်စေဖို့အတွက် ကျောင်းသား လူငယ်တွေကို အခြေပြုပြီး ကျန်းမာရေးအသိပညာပေးနေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ကပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ရေအိမ်များနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး က အခုလို ထည့်သွင်းပြော ကြားခဲ့တာဖြစ်ပါတယ်။

အင်တာဗျူး- ဒေါက်တာမျိုးသိမ်းကြီး (ပြည်ထောင်စုဝန်ကြီး) ပညာရေးဝန်ကြီးဋ္ဌာန

ပညာရေးဝန်ကြီးဋ္ဌာနအနေနဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံများ သိရှိလိုက်နာစေဖို့အတွက် သင်ရိုးညွှန်း တမ်းစာအုပ်တွေမှာ ထည့်သွင်း သင်ကြားပေးနေတာပါ။ဒါ့အပြင် ကျောင်းသားကျောင်းသူတွေနဲ့ လူငယ်တွေကို ချိန်းခြောက်နေတဲ့ မူးယစ်ဆေး အန္တရာယ်နဲ့ ဆေးလိပ်၊ အရက်တို့ရဲ့ အန္တရာယ်တွေကိုလည်း အသိပညာပေး လုပ်ငန်းတွေအပြင် တားဆီးကာကွယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အင်တာဗျူး- ဒေါက်တာမျိုးသိမ်းကြီး (ပြည်ထောင်စုဝန်ကြီး) ပညာရေးဝန်ကြီးဋ္ဌာန

မြန်မာနိုင်ငံအနှံ့မှာ ပညာရေးဝန်ကြီးဋ္ဌာနက ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းပေါင်း ၄၇၀၀၀ ကျော်နဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပုဂ္ဂလိက ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသား ၉ သန်းကျော်ရှိနေတဲ့အတွက် ကျောင်းသားလူငယ်တွေကို ကျန်းမာရေး အသိပညာပေး အစီစဉ်ကို ကောင်းမွန်စွာဆောင်ရွက်ပေးနိုင်မယ်ဆိုပါက မိဘ အဖိုးအဘွား တွေကိုထိ ကျန်းမာရေး အလေ့အကျင့် ကောင်းတွေ ကူးစပ်စေမယ်လို့ ယုံကြည်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ် ခင်ဗျာ။