လူငယ်ဖွံ့ဖြိုး ရေးဥပဒေ ပေါ်ပေါက်ဖို့ ကြိုးစားဆောင်ရွက်

0
2

Unicode Version

၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်လူငယ်တွေအတွက် အာမခံချက်ရှိပြီး လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မယ့် လူငယ်ဖွံ့ဖြိုး ရေးဥပဒေပေါ်ပေါက်လာဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီကပြောပါတယ်။ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။

လက်ရှိအစိုးရသက်တမ်းအတွင်းမှာ လူငယ်တွေအတွက်အာမခံချက်ရှိတဲ့ လူငယ်ဖွံ့ဖြိုးရေးဥပဒေလိုမျိုး ပေါ်ပေါက်လာဖို့ လူငယ်တွေကိုလည်းတိုက်တွန်းတာတွေရှိသလို မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ အနေနဲ့လည်း ဦးဆောင်ပြီးကြိုးစားဆောင်ရွက်သွားဖို့ အစီအစဉ်တွေရှိတယ်လို့လည်းပြောပါတယ်။

Soundbite ;ကိုဟိန်းထက် (တွဲဖက်အတွင်းရေးမှူး) မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ

လက်ရှိအစိုးရလက်ထက်မှာ လူငယ်ရေးရာမူဝါဒအပါအဝင်အခြားသောမူဝါဒရေးရာတွေကို အကောင် အထည်ဖော်ဆောင်ရွက်နေပေမယ့် ဥပဒေတွေ၊နည်းဥပဒေတွေလို ပြောင်းလဲလို့မရတာမျိုးမဟုတ်တဲ့ အတွက် နောက်တက်လာမယ့်အစိုးရတွေကရော လူငယ်ရေးရာမူဝါဒပိုင်းကိုစိတ်ပါဝင်စားပါ့မလားဆို တာကို စိုးရိမ်စိတ်ရှိတယ်လို့ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီရဲ့တွဲဖက်အတွင်းရေးမှူးကိုဟိန်း ထက်ကပြောပါတယ်။

လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့တာ နှစ်နှစ်နီးပါးကြာခဲ့ပြီလည်းဖြစ်ပါတယ်။ မဟာဗျူဟာစီမံကိန်းမှာ လူငယ်အဖွဲ့ အစည်း တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် မဟာဗျူဟာ မြောက်အစီအစဉ်တွေပါဝင်ပြီး အကောင်အထည်ဖော်ဖို့ အတွက် ဘတ်ဂျက်ကန့် သတ်ချက်တွေ ရှိ နေတာကြောင့် လူငယ်တွေကို ထောက်ပံ့ပေးနိုင်မယ့်အဖွဲ့အစည်းတွေ လိုအပ်နေ တယ်လို့ပြောပါ တယ်ရှင်။

Zawgyi Version