ငြိမ်းချမ်းရေး အခြေခံအုတ်မြစ်ကို ယိုယွင်းပျက်စီးစေတဲ့ အပြုသဘော မဆောင်တဲ့ အင်အားစု နေရာတိုင်းမှာရှိနေ

0
88

Unicode Version

ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်တွေ ယိုယွင်းပျက်စီးစေမယ့် အပြုသဘော မဆောင်တဲ့ အင်အားစုတွေက နေရာတိုင်းမှာ ရှိနေကြောင်း ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို ရောက်နေတဲ့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဖနွမ်ပင်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံး၊ Peace Palaceက ကျင်းပတဲ့ ဒုတိယ အကြိမ်‌မြောက် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိကမ္ဘာကြီးမှာ စိန်ခေါ်မှုတွေကို တစ်ကမ္ဘာလုံးရဲ့ ပေါင်းစည်းအင်အားနဲ့ လက်တွဲတုံ့ပြန်သွားကြဖို့ လိုအပ်နေကြောင်း၊ အခုနှစ် ထိပ်သီး အစည်းအဝေးအတွက် “ကျွန်ုပ် မျက်မှောက်ကာလရဲ့ အလွန်အရေးကြီးတဲ့ စိန်ခေါ်မှုများကို ဖြေရှင်းရေး – ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ အပြန်အလှန် အမှီပြုရေး၊ သာယာဝပြောရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများ” ဆိုတဲ့ခေါင်းစဉ်ကို ရွေးချယ်ခဲ့ခြင်းက မတည်ငြိမ်မှု၊ မရေရာမှုတွေနဲ့ ပြည့်နေတဲ့ အခုလို အရေးကြီးတဲ့ အချိန်ကာလမျိုးမှာ များစွာ လျော်ကန် သင့်မြတ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)