ဗစ်တိုးရီးယားကလေးရဲ့ မိန်းမကိုယ်မှာ သုက်ပိုးတွေ့ရှိကြောင်း မှုခင်း ဆရာဝန် ထွက်ဆို

0
131

Unicode Version

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှာ ဗစ်တိုးရီးယားလို့ အမည်ဝှက်ပေးထားတဲ့ အသက် ၃ နှစ်အရွယ် ကျောင်းသူ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခံရမှုမှာ စစ်ဆေးချက်အရ ကလေးငယ်ရဲ့ မိန်းမကိုယ်မှာ သုက်ပိုး တွေ့ရှိခဲ့တယ်လို့ မှုခင်းဆရာဝန်ကြီး ဒေါက်တာ တင်မိုးမိုးခိုင်က ထွက်ဆိုခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၂၀ ရက် ဒက္ခိဏခရိုင် တရားရုံး ၁၁ ကြိမ်မြောက် ရုံးချိန်းမှာ မှုခင်းဆရာဝန်ကြီး ဒေါက်တာ တင်မိုးမိုးခိုင်က ပြီးခဲ့တဲ့ မေလ ၁၆ ရက်ညမှာ ဓာတ်ခွဲစစ်ဆေးခဲ့စဉ် ကလေးငယ်ရဲ့ မိန်းမကိုယ်မှာ ပွန်းခြစ်ဒဏ်ရာတွေရှိပြီး သုက်ပိုးလည်း တွေ့ရှိခဲ့ကြောင်း၊ မေလ ၃၁ ရက်မှာလည်း စွပ်စွဲဖမ်းဆီးခံထားရသူ ကိုအောင်ကျော်မျိုး (ခေါ်) အောင်ကြီးကိုလည်း ခေါ်ယူပြီး ယောက်ျား အင်္ဂါအရည်ကို စစ်ဆေးခဲ့ရာမှာ သုက်ပိုး မတွေ့ခဲ့ရကြောင်း ထွက်ဆိုသွားပါတယ်။

ဒါ့အပြင် ဆေးစာပျောက်တယ်ဆိုလို့ အမှတ် (၁)၊ မြို့မ ရဲစခန်း ယာယီ စခန်းမှူး ရဲအုပ် ဝေဖြိုးလွင်က ဆေးစာထပ်တောင်လို့ ဆေးစာ မိတ္တူကို ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပေးခဲ့ရကြောင်း၊ အရင်က မူခင်းဆေးပညာ စစ်ဆေးမှုတွေမှာ တောင်းခံခြင်း မရှိတဲ့ စစ်ဆေးစဉ်က သုံးခဲ့တဲ့ မှတ်တမ်းတင် ဖလင်ပြားတွေကိုလည်း ရဲစခန်းကတောင်းလို့ အစည်းအဝေးမှတ်တမ်း ပြုလုပ်ပြီး ပေးခဲ့ရကြောင်းလည်း မှုခင်း ဆရာဝန်ကြီးက ထွက်ဆိုခဲ့ပါတယ်။

Zawgyi Version