ICJ မှာ တရားစွဲဆိုမှု ပြဿနာကို ဖြေရှင်းပေးမှာ မဟုတ်ကြောင်း အမေရိကန် ပါမောက္ခပြော

0
67

Unicode Version

ဘင်္ဂါလီ မွတ်စလင် အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ နိုင်ငံတကာ တရားစီရင်ရေးရဲ့ ဥပဒေအရ စစ်ဆေးတွေ့ရှိချက်မျိုးဟာ ပြဿနာ အကြပ်အတည်းကို ဖြေရှင်းပေးမှာ မဟုတ်ဘူးဆိုတာ နားလည်ထားဖို့ သိပ်အရေးကြီးတယ်လို့ အမေရိကန် ဥပဒေ ပါမောက္ခတစ်ဦးက သုံးသပ်လိုက်ပါတယ်။

ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ ကုစားမှု အမြားအပြားထဲက အလွန်သေးငယ်တဲ့ အစိတ်အပိုင်းအဖြစ်ပဲ ရှိနေကြောင်း? လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ တရားရုံးအနေနဲ့ ကြေညာနိုင်ကြောင်း၊ သီအိုရီအရဆိုရင် အပြစ်ကျူးလွန်တဲ့ နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ဘဏ္ဍာငွေကြေးဆိုင်ရာ ထိခိုက်မှုတွေ ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်ရှိ ဝါရှင်တန် အန် လီ တက္ကသိုလ်က ဥပဒေပါမောက္ခ မာ့ခ် ဒရမ်ဘယ်လ်က VOA သတင်းဌာနကို ပြောပါတယ်။

နောက်ထပ် အလွန်အရေးအကြီးတဲ့မေးခွန်းက ဒီအမှုမှာ ICJ က လက်တွေ့ တရားစီရင်ပိုင်ခွင့် ရှိ၊ မရှိဆိုတဲ့အချက် ဖြစ်ကြောင်း၊ ဘော့စနီးယားက ဆာဘီယားနိုင်ငံကို စွဲတဲ့အမှုမှာ ICJ က တရားစီရင်ပိုင်ခွင့် ရှိ၊ မရှိ အငြင်းပွားဖူးကြောင်းလည်း ပါမောက္ခ ဒရမ်ဘယ်လ်က ပြောပါတယ်။

Zawgyi Version