နိုင်ငံဆင်းရဲနေချိန်မှာ ကိုယ်တစ်ယောက်တည်း ချမ်းသာတာ ရှက်စရာကောင်းတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

0
57

Unicode Version

ကိုယ့်နိုင်ငံ ဆင်းရဲနေချိန်မှာ ကိုယ်တစ်ယောက်တည်း ချမ်းသာနေတာဟာ ဂုဏ်ယူနေစရာ မဟုတ်ဘဲ ရှက်ဖို့ကောင်းတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ရှမ်းပြည်နယ်မှာရှိတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။

ငြိမ်းချမ်းရေးရဖို့ နိုင်ငံသူ၊ နိုင်ငံသား တစ်ဦးချင်းဟာ ငါ့တာဝန်ဆိုတဲ့ စိတ်ဓာတ် ရှိရမှာဖြစ်ကြောင်း၊ နိုင်ငံငြိမ်းချမ်းမှ နိုင်ငံတိုးတက်မှာ ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်မှ နိုင်ငံထဲက နိုင်ငံသူနိုင်ငံသား တစ်ဦးချင်းဟာ ရေရှည်မှာ တိုးတက်မှာဖြစ်ကြောင်းနဲ့ ကိုယ့်နိုင်ငံက အင်မတန် ဆင်းရဲနေပြီးတော့ ကိုယ်တစ်ယောက်တည်း ချမ်းသာတာ ဂုဏ်ယူစရာ မဟုတ်ဘဲ ရှက်စရာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

Zawgyi Version