စီးပွားရေး မအောင်မြင်မှုနဲ့ ဆင်းရဲနှုန်းမြင့်မားမှုက အဂတိရဲ့ ဆိုးကျိုးတွေ ဖြစ်တယ်လို့ ကော်မရှင်ပြော

0
8

Unicode Version

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး စွမ်းဆောင်ရည် မအောင်မြင်မှုနဲ့ ဆင်းရဲနှုန်း မြင့်မားခြင်းတို့က အဂတိလိုက်စားမှုနဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်ပြီး နောက်ဆုံးမှာ အစိုးရနဲ့ အစိုးရအဖွဲ့အစည်းတွေအပေါ် နိုင်ငံသားတွေရဲ့ ယုံကြည်မှု လျော့ပါးတဲ့အထိ ဖြစ်စေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ ပြုလုပ်တဲ့ ခက်ခဲရှုပ်ထွေးတဲ့ နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဒေသတွင်း အလုပ်ရုံ ဆွေးနွေးပွဲမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

အဂတိလိုက်စားမှုက နိုင်ငံရဲ့ ပုံမှန်စီးပွားရေးအပေါ် သက်ရောက်မှုမှာ ဗဟိုကျတဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး အဂတိလိုက်စားမှုတွေအပြင် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ တရားမဝင် ကုန်သွယ်မှုတို့က နိုင်ငံအားလုံးရှိ လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားတွေ ဖြစ်တယ်လို့လည်း ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ် ။

Zawgyi Version