မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် စာသားပြောင်းမယ်

0
42

Unicode Version

သင်္ဘောသား အများစု ပါဝင်နိုင်အောင် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် စာသား ပြောင်းလဲ ပြင်ဆင်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုး ကပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် အနေနဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းသစ်ကို ရေးဆွဲ ထားပြီးလာမယ့် ဒီဇင်ဘာလအတွင်း ရွေးချယ်တင်မြောက်ရေးကော်မရှင် ၁၅ဦးကို ရွေးချယ် သွားမှာ ဖြစ်ပါ တယ်။

အဲဒီ ရွေးချယ်ပွဲကနေတဆင့် သင်္ဘောသား အများစုပါဝင် နိုင်အောင် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် စာသားကို မြန်မာနိုင်ငံ သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် စာသားအဖြစ် ပြောင်းလဲ ပြင်ဆင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် ယာယီစီမံခန့်ခွဲမှု ကော်မတီဝင် ကပ္ပတိန်စိုးလွင် ကပြောပါတယ်။

Soundbite ကပ္ပတိန် စိုးလွင် (ယာယီစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်)
မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်

မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် နှစ်ပတ်လည်အစည်းအဝေးကို ဒီဇင်ဘာလရရက်နေ့ ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမ မှာကျင်းပသွားမှာဖြစ်ပြီး အမှုဆောင်သစ် ၁၅ဦးကို ရွေးချယ်ကာ နှစ်လအတွင်းညီလာခံကျင်းပနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။


မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် စာသားပြောင်းမယ်

Zawgyi Version

သင်္ဘောသား အများစု ပါဝင်နိုင်အောင် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် စာသား ပြောင်းလဲ ပြင်ဆင်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုး ကပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် အနေနဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းသစ်ကို ရေးဆွဲ ထားပြီးလာမယ့် ဒီဇင်ဘာလအတွင်း ရွေးချယ်တင်မြောက်ရေးကော်မရှင် ၁၅ဦးကို ရွေးချယ် သွားမှာ ဖြစ်ပါ တယ်။

အဲဒီ ရွေးချယ်ပွဲကနေတဆင့် သင်္ဘောသား အများစုပါဝင် နိုင်အောင် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် စာသားကို မြန်မာနိုင်ငံ သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် စာသားအဖြစ် ပြောင်းလဲ ပြင်ဆင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် ယာယီစီမံခန့်ခွဲမှု ကော်မတီဝင် ကပ္ပတိန်စိုးလွင် ကပြောပါတယ်။

Soundbite ကပ္ပတိန် စိုးလွင် (ယာယီစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်)
မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်

မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် နှစ်ပတ်လည်အစည်းအဝေးကို ဒီဇင်ဘာလရရက်နေ့ ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမ မှာကျင်းပသွားမှာဖြစ်ပြီး အမှုဆောင်သစ် ၁၅ဦးကို ရွေးချယ်ကာ နှစ်လအတွင်းညီလာခံကျင်းပနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Soundbite ကပ္ပတိန် စိုးလွင် (ယာယီစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်)
မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်

မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ကို၂၀၁၂ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီး အသင်းသားပေါင်း၁သောင်းနီးပါးရှိနေပြီးလည်းဖြစ်ပါတယ်ရှင်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)