ICJ နဲ့ ICC တရားစီရင်မှုကနေ မြန်မာ ပြေးမလွတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ပြော

0
166

Unicode Version

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နဲ့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) တို့ရဲ့ တရားစီရင်မှုကနေ မြန်မာအစိုးရ ပြေးမလွတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ပြည်နယ် နိုင်ငံခြားရေးဝန်ကြီး အမ် ရှာရီယာ အလမ်က ပြောပါတယ်။

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာဟာ လူမျိုးတုံး သတ်ဖြတ်တယ်ဆိုပြီး ICJ မှာ တရားစွဲဆိုထားမှုကို လာမယ့် ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်အထိ အများပြည်သူရှေ့မှောက် ကြားနာမှာ ဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအပေါ် ဖိအားပေး လုပ်ဆောင်နေကြောင်း၊ ICJ နဲ့ ICC တို့ရဲ့ တရားစီရင်မှုကို မြန်မာက ဆန့်ကျင်လို့ မရကြောင်း ဝန်ကြီး အလမ်က ပြောပါတယ်။

ICJ ရော ICC ပါ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မှာ အခြေစိုက်ပြီး ICJ က နိုင်ငံအချင်းချင်းကြား အငြင်းပွားမှုတွေကို ဖြေရှင်းပြီး ICC ကတော့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေအပေါ် စီရင်မှု လုပ်ဆောင်တာ ဖြစ်ပါတယ်။

Zawgyi Version

 ICJ နဲ့ ICC တရားစီရင်မှုကနေ မြန်မာ ပြေးမလွတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ပြော

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နဲ့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) တို့ရဲ့ တရားစီရင်မှုကနေ မြန်မာအစိုးရ ပြေးမလွတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ပြည်နယ် နိုင်ငံခြားရေးဝန်ကြီး အမ် ရှာရီယာ အလမ်က ပြောပါတယ်။

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာဟာ လူမျိုးတုံး သတ်ဖြတ်တယ်ဆိုပြီး ICJ မှာ တရားစွဲဆိုထားမှုကို လာမယ့် ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်အထိ အများပြည်သူရှေ့မှောက် ကြားနာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအပေါ် ဖိအားပေး လုပ်ဆောင်နေကြောင်း၊ ICJ နဲ့ ICC တို့ရဲ့ တရားစီရင်မှုကို မြန်မာက ဆန့်ကျင်လို့ မရကြောင်း ဝန်ကြီး အလမ်က ပြောပါတယ်။

ICJ ရော ICC ပါ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မှာ အခြေစိုက်ပြီး ICJ က နိုင်ငံအချင်းချင်းကြား အငြင်းပွားမှုတွေကို ဖြေရှင်းပြီး ICC ကတော့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေအပေါ် စီရင်မှု လုပ်ဆောင်တာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)