Boycott Myanmar Campaign လှုပ်ရှားမှု ဒီဇင်ဘာလ ၉ ရက် စတင်မယ်

0
74

မြန်မာနိုင်ငံမှာ စီးပွားရေးမလုပ်ကြဖို့ကစတင်ပြီး အလည်အပတ် မသွားကြဖို့အထိ နိုင်ငံတကာက သပိတ်မှောက်ရေး Boycott Myanmar Campaign လှုပ်ရှားမှုကို ဒီဇင်ဘာလ ၉ ရက်နေ့မှာ စတင်မယ်လို့ ဗြိတိန်အခြေစိုက် “ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့” (Free Rohingya Coalition) က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်သူ တဦးဖြစ်တဲ့ ဒေါက်တာဇာနည်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ Youtube ဗီဒီယိုကွန်ရက်ပေါ် ရုပ်သံဖိုင်လွှင့်တင်ပြီး ပြောကြားခဲ့တာပါ။

မြန်မာအစိုးရအပေါ် နိုင်ငံတကာရဲ့ လက်ရှိအရေးယူမှုတွေက မလုံလောက်တဲ့အတွက် လုပ်ဆောင်ရတာလို့ ဒီအဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုနေဆန်းလွင်ကလည်း RFA သတင်းဌာနကို ထပ်မံ ပြောဆိုထားပါတယ်။

လက်ရှိအခြေအနေမှာတော့ Boycott Myanmar Campaign လှုပ်ရှားမှုကို “ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့” နဲ့အတူ တခြားအဖွဲ့အစည်း ၇ ခုလောက်လည်း ပူးပေါင်းပါဝင်ဖို့ သဘောတူထားတယ်ပြီး BoycottMyanmar.Org လို့ခေါ်တဲ့ Website ကိုလည်း ဒီဇင်ဘာ ၉ ရက်နေ့မှာ လွှတ်တင်မယ်လို့လည်း သူက ပြေဆိုထားတာပါ။

Boycott Myanmar Campaign လှုပ်ရှားမှုကို ဦးဆောင်တဲ့ ဒေါက်တာဇာနည်ဟာ ၁၉၉၅ ခုနှစ်ဝန်းကျင်ကလည်း “မြန်မာပြည်လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့” (Free Burma Coalition) ကို ဦးဆောင်သူ တစ်ယောက်ပါ။ သူဦးဆောင်တဲ့ အဲ့ဒီအချိန်က သပိတ်မှောက် လှုပ်ရှားမှုတွေကြောင့် အမေရိကန် ပက်စီကိုလာ ဖျော်ရည်နဲ့ တက္ကဆက်ကို ရေနံကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ထားတာတွေ ရုပ်သိမ်းသွားခဲ့ကြဖူးပါတယ်။

Boycott Myanmar Campaign လှုပျရှားမှု ဒီဇငျဘာလ ၉ ရကျ စတငျမယျ

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)