လူငယ္မူဝါဒ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရာမွာ ဘတ္ဂ်က္ေငြ လံုေလာက္မႈမရွိ

0
705

လူငယ္မူ၀ါဒ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရာမွာ ဘတ္ဂ်က္ေငြ လံုေလာက္မႈမရွိဘူးလို႔ လူငယ္ေရးရာေကာ္မတီရဲ႕ ျပည္ေထာင္စုကိုယ္စားလွယ္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးကေပးပို႔ ထားပါတယ္။

လက္ရွိ အစိုးရက ခ်ထားတဲ့ဘတ္ဂ်က္မွာ အတိုင္းအတာတစ္ခုအထိသာ ေထာက္ပ့ံေပးထားတာေၾကာင့္ တိုင္းနဲ႔ျပည္နယ္တစ္ခုခ်င္းစီမွာ လူငယ္မူ၀ါဒဆိုင္ရာေတြ႕ဆုံပြဲေတြ တစ္ႀကိမ္သာ ျပဳလုပ္ေဆာင္ရြက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ တျခားတိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြက အဖြဲ႕အစည္းေတြနဲ႔ ေတြ႕ဆံုညွိႏႈိင္း ေဆြးေႏြးဖို႔ဆိုရင္ ေငြေၾကးကုန္က်တာေတြ ပိုမိုရွိႏိုင္တဲ့အတြက္ လုပ္ေဆာင္ႏိုင္ဖို႔ အခက္အခဲေတြရွိေနသလို အစိုးရကလည္း ေထာက္ပံ့မႈမရွိဘူးလို႔ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ ကိုထက္ပိုင္စိုးက ေျပာပါတယ္။

Soundbite ; ကိုထက္ပိုင္စိုး(ျပည္ေထာင္စုကိုယ္စားလွယ္)
ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီ၊
ဒါ့အျပင္ ေကာ္မတီ၀င္လူငယ္ေတြအေနနဲ႔ အခ်ိန္ေပးမႈနဲ႔ ေငြေၾကးကုန္က်တာေတြရွိေနတဲ့အတြက္ ေတြ႕ဆံုညွိႏႈိင္းမႈေတြလည္း ဆက္တိုက္မလုပ္ေဆာင္ႏိုင္တာေၾကာင့္ ႀကံ႕ၾကာမႈေတြရွိေနသလို အခ်င္းခ်င္း နားလည္လြဲမွားမႈေတြလည္း ရွိေနတယ္လို႔ ေျပာပါတယ္။

Soundbite; ကိုထက္ပိုင္စိုး(ျပည္ေထာင္စုကိုယ္စားလွယ္)
ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီ၊

အဲဒီလို ဘတ္ဂ်က္မလုံေလာက္မႈေၾကာင့္ အခ်င္းခ်င္း သေဘာထား ကြဲလြဲမႈေတြရွိေနသလို လားခ်က္ေတြတူႏိုင္ေပမယ့္ လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္ရြက္တဲ့အခါ ဆႏၵနဲ႔သေဘာထားမတူတာေတြေၾကာင့္ ပူးေပါင္းမႈမရွိတဲ့ လူငယ္အဖြဲ႕အစည္းေတြလည္း ရွိေနတယ္လို႔လည္း ေျပာပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်မူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဘတ်ဂျက်ငွေ လုံလောက်မှုမရှိဘူးလို့ လူငယ်ရေးရာကော်မတီရဲ့ ပြည်ထောင်စုကိုယ်စားလှယ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ ထားပါတယ်။

လက်ရှိ အစိုးရက ချထားတဲ့ဘတ်ဂျက်မှာ အတိုင်းအတာတစ်ခုအထိသာ ထောက်ပံ့ပေးထားတာကြောင့် တိုင်းနဲ့ပြည်နယ်တစ်ခုချင်းစီမှာ လူငယ်မူဝါဒဆိုင်ရာတွေ့ဆုံပွဲတွေ တစ်ကြိမ်သာ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးဖို့ဆိုရင် ငွေကြေးကုန်ကျတာတွေ ပိုမိုရှိနိုင်တဲ့အတွက် လုပ်ဆောင်နိုင်ဖို့ အခက်အခဲတွေရှိနေသလို အစိုးရကလည်း ထောက်ပံ့မှုမရှိဘူးလို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ကိုထက်ပိုင်စိုးက ပြောပါတယ်။

Soundbite ; ကိုထက်ပိုင်စိုး(ပြည်ထောင်စုကိုယ်စားလှယ်)
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊
ဒါ့အပြင် ကော်မတီဝင်လူငယ်တွေအနေနဲ့ အချိန်ပေးမှုနဲ့ ငွေကြေးကုန်ကျတာတွေရှိနေတဲ့အတွက် တွေ့ဆုံညှိနှိုင်းမှုတွေလည်း ဆက်တိုက်မလုပ်ဆောင်နိုင်တာကြောင့် ကြံ့ကြာမှုတွေရှိနေသလို အချင်းချင်း နားလည်လွဲမှားမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

Soundbite; ကိုထက်ပိုင်စိုး(ပြည်ထောင်စုကိုယ်စားလှယ်)
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊

အဲဒီလို ဘတ်ဂျက်မလုံလောက်မှုကြောင့် အချင်းချင်း သဘောထား ကွဲလွဲမှုတွေရှိနေသလို လားချက်တွေတူနိုင်ပေမယ့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါ ဆန္ဒနဲ့သဘောထားမတူတာတွေကြောင့် ပူးပေါင်းမှုမရှိတဲ့ လူငယ်အဖွဲ့အစည်းတွေလည်း ရှိနေတယ်လို့လည်း ပြောပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)