မသကာၤမႈနဲ႔ ဖမ္းဆီးခံရတဲ့ အငွားယာဥ္ေမာင္း ညႇင္းပမ္းႏွိပ္စပ္ခံရၿပီး ေသဆုံး

0
778

ရန္ကုန္တိုင္းေဒသႀကီး  ေတာင္ပိုင္းခ႐ိုင္၊ သန္လ်င္ၿမိဳ႕မရဲစခန္းမွာ  အငွားယာဥ္ေမာင္း ျဖစ္သူ ေမာင္ေအာင္ ေအာင္ကို ခိုးမႈမသကၤာတာေၾကာင့္  ဖမ္းဆီးခ်ဳပ္ေနွာင္ၿပီး ရဲတပ္ဖြဲ႕၀င္ေတြက နည္းမ်ဳိးစုံ ညႇင္းပမ္း ခဲ့တာျဖစ္ပါတယ္။

 

အခုလို ညွင္းပမ္းႏွိပ္စပ္ခဲ့တဲ့    ဒဏ္ရာေတြေၾကာင့္ တရားရံုးထုတ္တဲ့ အခ်ိန္ ေသဆုံးသြားခဲ့တဲ့အတြက္ ေသဆုံး သူရဲ႕ မိခင္ျဖစ္သူက ျမန္မာႏုိင္ငံအမ်ဳိးသားလူ႔အခြင့္အေရးေကာ္မရွင္ ကုိ တုိင္တန္းခ်က္ေတြ ေပးပို႔ခဲ့ တာျဖစ္ပါတယ္။

အခုလုိ ေသဆံုးသြားတဲ့ အတြက္ ေသဆံုးသူရဲ႕  မိခင္ျဖစ္သူက ေကာ္မရွင္ကုိ တိုင္တန္းခ်က္ ေပးပို႔လာတဲ့ ကိစၥနဲ႔ပက္သက္ၿပီး  ဒီကေန႔ နုိ၀င္ဘာလ ၂၀ ရက္ေန႔ နံနက္ပုိင္းမွာ သန္လ်င္ၿမိဳ႕ရွိ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ရုံးမွာ ျမန္မာႏုိင္ငံ အမ်ဳိးသားလူ႔အခြင့္အေရးေကာ္မရွင္က အတြင္းေရးမွဴး ဦးဘုန္းႀကြယ္အပါအ၀င္ တုိင္စာေပးပို႔ လာတဲ့ တုိင္တန္းသူမိခင္နဲ႔  သက္ေသေတြ၊ ေသဆုံးသူရဲ႕ေဆးမွတ္တမ္းရဲ႕စစ္ေဆးခ်က္ေတြနဲ႔ပက္သက္ၿပီး သန္လ်င္ ေဆးရုံမွာတာ၀န္ရွိသူ ဆရာ၀န္ေတြနဲ႔ ေတြ႔ဆုံေမးျမန္းခဲ့တာျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ အမ်ဳိးသားလူ ႔အခြင့္အေရးေကာ္မရွင္ ကသတင္းထုတ္ျပန္ထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

မသင်္ကာမှုနဲ့ ဖမ်းဆီးခံရတဲ့ အငှားယာဉ်မောင်း ညှင်းပမ်းနှိပ်စပ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သန်လျင်မြို့မရဲစခန်းမှာ အငှားယာဉ်မောင်း ဖြစ်သူ မောင်အောင် အောင်ကို ခိုးမှုမသင်္ကာတာကြောင့် ဖမ်းဆီးချုပ်နှောင်ပြီး ရဲတပ်ဖွဲ့ဝင်တွေက နည်းမျိုးစုံ ညှင်းပမ်း ခဲ့တာဖြစ်ပါတယ်။

အခုလို ညှင်းပမ်းနှိပ်စပ်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် တရားရုံးထုတ်တဲ့ အချိန် သေဆုံးသွားခဲ့တဲ့အတွက် သေဆုံး သူရဲ့ မိခင်ဖြစ်သူက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကို တိုင်တန်းချက်တွေ ပေးပို့ခဲ့ တာဖြစ်ပါတယ်။

အခုလို သေဆုံးသွားတဲ့ အတွက် သေဆုံးသူရဲ့ မိခင်ဖြစ်သူက ကော်မရှင်ကို တိုင်တန်းချက် ပေးပို့လာတဲ့ ကိစ္စနဲ့ပက်သက်ပြီး ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှာ သန်လျင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အတွင်းရေးမှူး ဦးဘုန်းကြွယ်အပါအဝင် တိုင်စာပေးပို့ လာတဲ့ တိုင်တန်းသူမိခင်နဲ့ သက်သေတွေ၊ သေဆုံးသူရဲ့ဆေးမှတ်တမ်းရဲ့စစ်ဆေးချက်တွေနဲ့ပက်သက်ပြီး သန်လျင် ဆေးရုံမှာတာဝန်ရှိသူ ဆရာဝန်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ ့အခွင့်အရေးကော်မရှင် ကသတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)