လူငယ်တွေ ပထမဆုံအနေနဲ့ ဦးဆောင်ပြုလုပ်တဲ့ အသွင်တူ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်

0
614







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပါဝင်ကူညီနိုင်ဖို့ လူငယ်တွေဦးဆောင်ပြီး အသွင်တူ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကို ရန်ကုန်မြို့မှာ ၅ ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

NLD အစိုးရ ဦးဆောင်ပြီး အကောင်အထည်ဖော်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်တွေ ပါဝင်ကူညီပေးနိုင်ဖို့အတွက် ပထမဆုံကြိမ် လူငယ်တွေဦးဆောင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအသွင်တူဆောင်ရွက်ခြင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၉ရက်ကနေ ၂၃ရက်နေ့အထိ ၅ ရက်ကြာ ရန်ကုန်မြို့ Western Green Hill Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

Soundbite – ထက်မင်းလွင်( ဌာနေ ကိုယ်စားလှယ် )Forum of Federations

ဒါ့အပြင် အဲ့ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ကောလိပ် တွေက ရွေးချယ်ထားတဲ့ ကျောင်းသူ ကျောင်းသား ဦးရေ ၈၀ ကိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ ဖက်ဒရယ် ဆိုင်ရာသင်ခန်းစာတွေ ၊ပဋိပခ ဖြေရှင်းရေးနဲ့ ဆွေးနွေးခြင်းဆိုင်ရာ သင်တန်းတွေကို အခမဲ့ ပို့ချပေးခဲ့ပါတယ်။

Soundbite – ဟန်ထူးအောင် ( Supervisor ) MODEL UPC MYANMAR

အခုလို အသွင်တူ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၅ ရက်ကြာ ပြုလုပ်ရတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်တာတွေကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နားလည်လာပြီး တိုင်းရင်းသာလူငယ်အချင်းချင်း အပြန်အလှန် နားလည်မှု ရရှိလာစေဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)