
0
864





<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အပြည်ပြည်ဆိုင်ရာကလေးသူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ NGO Child Rights Working Group တို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားနေ့ကို ရန်ကုန်မြို့ IBC ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာကလေးသူငယ်များနေ့ အထိမ်းအမှတ် “မေတ္တာဖြင့်သာပျိုးထောင်ပါ” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး ကဗျာ၊ ပန်းချီပြိုင်ပွဲဆုရ ကလေးသူငယ်တွေနဲ့ ဇာတ်လမ်းတို ပြိုင်ပွဲဆုရရှိသူတွေ ကို ဆုတွေပေး အပ်ချီးမြင့်ခဲ့တာဖြစ်ပါတယ်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကိုစတင်အတည်ပြုခဲ့တဲ့ နိုဝင်ဘာလ (၂၀) ရက်နေ့ ကို အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ အဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နဲ့ ကော်မရှင် အဖွဲ့ဝင်တွေ ၊ ဌာနဆိုင်ရာအရာရှိကြီးတွေနဲ့ NGO Child Rights Working Group တို့က တာဝန်ရှိသူတွေ ကဗျာ၊ ပန်းချီနဲ့ ဇာတ်လမ်းတိုပြိုင်ပွဲ ဆုရရှိသူတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)