ကေလးသူငယ္ေတြကို မူးယစ္ေဆးဝါးေရာင္းခ်တဲ့ ေနရာေတြမွာ တလြဲ အသံုးခ်တာေတြ ရွိေန

0
767

ကေလးသူငယ္ေတြကို မူးယစ္ေဆး၀ါးေရာင္းခ်တ့ဲေနရာေတြမွာ တလြဲအသုံးခ်တာေတြ ရွိတယ္လို႔ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

မူးယစ္ေဆး၀ါးေရာင္းခ်သူေတြနဲ႕ ကေလးသူငယ္ေဆြမ်ိဳးသားခ်င္းေတြက ကေလးသူငယ္ေတြကို မူးယစ္ေဆး၀ါး ေရာင္းခ်တ့ဲေနရာေတြမွာ ဥပေဒအားနည္းခ်က္ေတြကို အသုံးျပဳျပီး တလြဲအသုံးခ် ခိုင္းေစမႈေတြေၾကာင့္ လူငယ္သင္တန္းေက်ာင္းကို ေရာက္တာေနတာေတြရွိတယ္လို႔ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ ဒုတိယ ဥကၠ႒ ဦးစစ္ၿမိဳင္က ေျပာပါတယ္။

ႏို၀င္ဘာလ ၂၀ရက္က ရန္ကုန္ၿမိဳ႕ IBC ခန္းမမွာ အျပည္ျပည္ဆိုင္ရာကေလးသူငယ္မ်ားေန႔ အခမ္းအနားကိုက်င္းပခ့ဲတာပါ။

Soundbite- ဦးစစ္ၿမိဳင္ (ဒုတိယဥကၠ႒)
ျမန္မာႏိုင္ငံအမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္

ဒီလိုအသုံးခ်ခံရတ့ဲ ကေလးသူငယ္ေတြဟာ ကေလးသူငယ္ဥပေဒအရ အကာအကြယ္ရရွိတ့ဲအတြက္ ေထာင္ႀကီးကို မက်ဘဲ လူငယ္သင္တန္းေက်ာင္းေတြမွာ ေရာက္ေနတာေတြ႔ရတယ္လိုေျပာပါတယ္။ ကေလးသူငယ္ေတြ ဒီလိုတလြဲသုံးခ်ခံေနရတာေတြနဲ႔ ႀကိဳတင္ကာကြယ္တ့ဲ အစီအစဥ္ေတြကို လက္ရွိ အေျခအေနထက္ ပိုမိုေဖာ္ထုတ္ေဆာင္ရြက္သြားဖို႔ လိုအပ္တယ္လိုေျပာပါတယ္။

Soundbite- ဦးစစ္ၿမိဳင္ (ဒုတိယဥကၠ႒)
ျမန္မာႏိုင္ငံအမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္

မူးယစ္ေဆး၀ါးအမႈ၊ သက္ငယ္မုဒိမ္းအမႈေတြနဲ႔ ပတ္သက္ၿပီး အသုံးခ်ခံရတ့ဲ ကေလးသူငယ္အမ်ားစုဟာ အသက္ ၁၅ ႏွစ္နဲ႔ ၁၆ ႏွစ္၀န္းက်င္ လူငယ္အရြယ္ေတြျဖစ္တယ္လို႔လည္း ေျပာပါတယ္။
ဒါ့အျပင္ ကေလးသူငယ္ကိစၥပတ္သက္လို႔ မူးယစ္ေဆးေရာင္းခ်ခိုင္းမႈ၊ ညွင္းပန္းႏွိပ္စက္ခံရမႈ၊ လူမႈေရးအမႈ၊ ကေလးသူငယ္ေတြကို တပ္သားသစ္အျဖစ္စုေဆာင္းတာေတြ စတ့ဲအမႈေတြကို ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ကို တုိင္ၾကားတာေတြ ရွိတယ္လို႔ ေျပာပါတယ္ ခင္ဗ်ာ။

<<<<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးသူငယ်တွေကို မူးယစ်ဆေးဝါးရောင်းချတဲ့ နေရာတွေမှာ တလွဲ အသုံးချတာတွေ ရှိနေ

ကလေးသူငယ်တွေကို မူးယစ်ဆေးဝါးရောင်းချတဲ့နေရာတွေမှာ တလွဲအသုံးချတာတွေ ရှိတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

မူးယစ်ဆေးဝါးရောင်းချသူတွေနဲ့ ကလေးသူငယ်ဆွေမျိုးသားချင်းတွေက ကလေးသူငယ်တွေကို မူးယစ်ဆေးဝါး ရောင်းချတဲ့နေရာတွေမှာ ဥပဒေအားနည်းချက်တွေကို အသုံးပြုပြီး တလွဲအသုံးချ ခိုင်းစေမှုတွေကြောင့် လူငယ်သင်တန်းကျောင်းကို ရောက်တာနေတာတွေရှိတယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောပါတယ်။

နိုဝင်ဘာလ ၂၀ရက်က ရန်ကုန်မြို့ IBC ခန်းမမှာ အပြည်ပြည်ဆိုင်ရာကလေးသူငယ်များနေ့ အခမ်းအနားကိုကျင်းပခဲ့တာပါ။

Soundbite- ဦးစစ်မြိုင် (ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ဒီလိုအသုံးချခံရတဲ့ ကလေးသူငယ်တွေဟာ ကလေးသူငယ်ဥပဒေအရ အကာအကွယ်ရရှိတဲ့အတွက် ထောင်ကြီးကို မကျဘဲ လူငယ်သင်တန်းကျောင်းတွေမှာ ရောက်နေတာတွေ့ရတယ်လိုပြောပါတယ်။ ကလေးသူငယ်တွေ ဒီလိုတလွဲသုံးချခံနေရတာတွေနဲ့ ကြိုတင်ကာကွယ်တဲ့ အစီအစဉ်တွေကို လက်ရှိ အခြေအနေထက် ပိုမိုဖော်ထုတ်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လိုပြောပါတယ်။

Soundbite- ဦးစစ်မြိုင် (ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

မူးယစ်ဆေးဝါးအမှု၊ သက်ငယ်မုဒိမ်းအမှုတွေနဲ့ ပတ်သက်ပြီး အသုံးချခံရတဲ့ ကလေးသူငယ်အများစုဟာ အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်ဝန်းကျင် လူငယ်အရွယ်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ကလေးသူငယ်ကိစ္စပတ်သက်လို့ မူးယစ်ဆေးရောင်းချခိုင်းမှု၊ ညှင်းပန်းနှိပ်စက်ခံရမှု၊ လူမှုရေးအမှု၊ ကလေးသူငယ်တွေကို တပ်သားသစ်အဖြစ်စုဆောင်းတာတွေ စတဲ့အမှုတွေကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားတာတွေ ရှိတယ်လို့ ပြောပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)