
0
716



<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၀န်ကြီးဌာနအသစ်ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို ခန့်အပ်

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒဿမပုံမှန်အစည်းအဝေးရဲ့ သဘောတူညီချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations) ကို နိုင်ငံတော်သမ္မတ အမိန့်နဲ့ နိုဝင်ဘာလ ၁၉ ရက် ရက်စွဲ ဖြည့်စွက်ဖွဲ့စည်းလိုက်ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၃ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ ပါ ပြဌာန်းချက်တွေအရ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို အခုအသစ်ဖွဲ့စည်းလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)