မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ယဉ်ကျေးမှုတွေကို ဖော်ကျူးရေးဆွဲထားတဲ့ ပန်းချီပြပွဲ ပြုလုပ်

0
1022







<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတွရဲ့ ဝတ်စားဆင်ယင် မှုနဲ့ ယဉ်ကျေးမှုတွေကို ဖော်ကျူးရေးဆွဲထားတဲ့ “ My Heart My Art ” ပန်းချီပြပွဲတစ်ခု ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးကပေးပို့ထားပါတယ်။

ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ယဉ်ကျေးမှုတွေကို ဖော်ကျူးရေးဆွဲထားတဲ့ ပန်းချီဆရာ ကေမိုးကိုရဲ့ တတိယအကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲကို “My Heart:My Art” ခေါင်းစဉ် နဲ့ နိုဝင်ဘာလ ၁၈ ရက် နေ့ကနေ ၂၁ ရက်နေ့ အထိ လေးရက်ကြာ ရန်ကုန်မြို့ မှာရှိတဲ့ ‘Moon Art Gallery’ မှာပြုလုပ်ခဲ့ပါတယ်။

အင်တာဗျူး ပန်းချီကေမိုးကို

ဒီပန်းချီပြပွဲမှာ ပန်းချီကားပေါင်း ၂၇ ကား ပါဝင်ပြီး ၊ ပန်းချီကားအားလုံးကို Acrylic နဲ့ ချယ်သထားတာဖြစ်ပါတယ်။ ပန်းချီဆရာ ကေမိုးကိုရဲ့ ပြပွဲမှာရှိတဲ့ ပန်းချီကားတွေဟာ ခေတ်စနစ်တွေရဲ့ ပြောင်းလဲလာတဲ့ ရိုးရာယဉ်ကျေးမှုတွေပေါ် မှာ မြန်မာအမျိုးသမီးတွေရဲ့ ပုံရပ်တွေကို ဦးစားပေးရေးဆွဲထားတာဖြစ်ပါတယ်။

အင်တာဗျူး ပန်းချီကေမိုးကို

ခေတ်အဆက်ဆက်က မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေ ကို သီးသန့် ရေးဆွဲခဲ့တာဟာ နောက်မျိုးဆက်သစ် အမျိုးသမီးငယ်တွေကို ရိုးရာယဉ်ကျေးမှု နဲ့ ယှဉ်ကျေးသိမ်မွေ့တဲ့ မြန်မာအမျိုးသမီးတွေရဲ့ နေထိုင်ပုံတွေကို လက်ဆင့်ကမ်းချင်လို့ဖြစ်ပြီး မြန်မာ့ပန်းချီအနုပညာတွေ ဆက်လက်ရှင်သန်နိုင်ဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ် တယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)