ေနရပ္စြန္႔ခြာသူ ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္ ဒီဇင္ဘာလ အကုန္မွာ စတင္နိုင္မယ္

0
708

ရခုိင္ျပည္နယ္အတြင္း အၾကမ္းဖက္တုိက္ခုိက္မႈ ျဖစ္စဥ္ေတြေၾကာင့္ ေနရပ္စြန္႔ခြာသူေတြ ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ေတြကုိ လာမယ့္ဒီဇင္ဘာလ အကုန္မွာျပန္လည္စတင္လက္ခံသြားနုိင္မွာျဖစ္တယ္လို႔ လူမႈ၀န္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအး ေျပာၾကားလုိက္ပါတယ္။

နုိ၀င္ဘာလ ၁၉ ရက္ေန႔မွာ ႏို၀င္ဘာလ ၁၉ ရက္ေန႔က ေနျပည္ေတာ္ ျမတ္မဂၤလာဟိုတယ္မွာ အျပည္ျပည္ဆိုင္ရာ ကေလးမ်ားေန႔ အခမ္းအနားကို တက္ေရာက္စဥ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ နုိင္ငံရဲ႕ နုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာဆုိထားခ်က္အရ ဒီဇင္ဘာလ အကုန္မွာ ျပန္လည္စ တင္နုိင္မွာျဖစ္ေၾကာင္း ႏွစ္နုိင္ငံညိွႏႈိင္း ေဆာင္ရြက္တာျဖစ္တဲ့အတြက္ ဘဂၤလားေဒ့ရွ္ ဘက္ကေန ဒုကၡသည္ေတြကုိ ျပန္လည္ပို႔ေဆာင္မွသာ လက္ခံလုိ႔ရမွာျဖစ္ေၾကာင္း ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ ၀င္းျမတ္ေအး မီဒီယာေတြရဲ႕ေမးျမန္းခ်က္ကုိေျဖၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာစနစ္တက်ေဆာင္ရြက္နိုင္ဖို႔ ႏွစ္နုိင္ငံ သေဘာတူစာခ်ဳပ္ထဲမွာပါ၀င္တဲ့အတုိင္း ျပန္လည္ၿပီးစနစ္တက် ျပန္လည္ပုိ႔ေဆာင္တဲ့ နည္းလမ္းကုိ ပုိၿပီးလက္ခံေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေရပ်စွန့်ခွာသူပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ဒီဇင်ဘာလ အကုန်မှာ စတင်နိုင်မယ်

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို လာမယ့်ဒီဇင်ဘာလ အကုန်မှာပြန်လည်စတင်လက်ခံသွားနိုင်မှာဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့မှာ နိုဝင်ဘာလ ၁၉ ရက်နေ့က နေပြည်တော် မြတ်မင်္ဂလာဟိုတယ်မှာ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အခမ်းအနားကို တက်ရောက်စဉ်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုထားချက်အရ ဒီဇင်ဘာလ အကုန်မှာ ပြန်လည်စ တင်နိုင်မှာဖြစ်ကြောင်း နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်တာဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ် ဘက်ကနေ ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်မှသာ လက်ခံလို့ရမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး မီဒီယာတွေရဲ့မေးမြန်းချက်ကိုဖြေကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာစနစ်တကျဆောင်ရွက်နိုင်ဖို့ နှစ်နိုင်ငံ သဘောတူစာချုပ်ထဲမှာပါဝင်တဲ့အတိုင်း ပြန်လည်ပြီးစနစ်တကျ ပြန်လည်ပို့ဆောင်တဲ့ နည်းလမ်းကို ပိုပြီးလက်ခံကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)