ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရး ၀န္ႀကီးဌာန တိုးခ်ဲ႕ဖဲြ႕စည္းဖို႔ ျပည္ေထာင္စု လႊတ္ေတာ္ အတည္ျပဳ

0
1106

ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရး၀န္ႀကီးဌာန တိုးခ်ဲ႕ဖဲြ႕စည္းဖုိ႔ မေန႔က ႏုိ၀င္ဘာလ ၁၉ ရက္ေန႔မွာ က်င္းပတဲ့ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ဒသမပုံမွန္အစည္းအေ၀းမွာ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳလုိက္ပါတယ္။

၀န္ႀကီးဌာနအသစ္ကို ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပ႒ာန္းခ်က္နဲ႔ အညီ လက္ရွိ စီမံကိန္းႏွင့္ဘ႑ာေရး ၀န္ႀကီးဌာန ေအာက္မွာ ဖြဲ႕စည္းထားတဲ့ ႏိုင္ငံျခားစီးပြားဆက္ သြယ္ေရးဦးစီးဌာန၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ညြန္ၾကားမႈဦးစီးဌာနတို႔ကို ခြဲထုတ္ဖြဲ႕ စည္းသြားမွာျဖစ္တဲ့အတြက္ လတ္တေလာမ်ာ ၀န္ထမ္း အင္အား၊ အေဆာက္အဦး၊ ေမာ္ေတာ္ယာဥ္၊ ဘ႑ာေငြလ်ာထားခ်က္ စတာေတြကုိ ထပ္မံတိုးခ်ဲ႕ဖို႔ လုိအပ္မွာျဖစ္ေၾကာင္း ျပည္ေထာင္ စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦးက ေျပာပါတယ္။

အခုလုိ ၀န္ႀကီးဌာနကို ဖြဲ႕စည္းျခင္းဟာ ႏုိင္ငံေတာ္အတြက္ ၀န္ထုပ္၀န္ပိုး မျဖစ္ေစဘဲ က႑ အသီးသီးရွိ ႏုိင္ငံတကာဖြံ႕ၿဖိဳးေရးေခ်းေငြ၊ ေထာက္ပ့ံေငြေတြနဲ႔ေဆာင္ရြက္ေနတာလည္းျဖစ္ပါတယ္။ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ ျပည္တြင္း ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ ဆက္စပ္ေနတဲ့ ျပည္ေထာင္စု ၀န္ႀကီးဌာန၊အဖြဲ႕အစည္းေတြ အၾကား အဓိက ၀န္ႀကီးဌာနတစ္ခုအျဖစ္ ထိေရာက္စြာ ေပါင္း စပ္ညွိႏႈိင္းၿပီး အရွိန္အဟုန္ျမႇင့္တင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားႏိုင္မွာျဖစ္ေၾကာင္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော် အတည်ပြု

ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းဖို့ မနေ့က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဝန်ကြီးဌာနအသစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့ အညီ လက်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်မှာ ဖွဲ့စည်းထားတဲ့ နိုင်ငံခြားစီးပွားဆက် သွယ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနတို့ကို ခွဲထုတ်ဖွဲ့ စည်းသွားမှာဖြစ်တဲ့အတွက် လတ်တလောမျာ ဝန်ထမ်း အင်အား၊ အဆောက်အဦး၊ မော်တော်ယာဉ်၊ ဘဏ္ဍာငွေလျာထားချက် စတာတွေကို ထပ်မံတိုးချဲ့ဖို့ လိုအပ်မှာဖြစ်ကြောင်း ပြည်ထောင် စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောပါတယ်။

အခုလို ဝန်ကြီးဌာနကို ဖွဲ့စည်းခြင်းဟာ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ကဏ္ဍ အသီးသီးရှိ နိုင်ငံတကာဖွံ့ဖြိုးရေးချေးငွေ၊ ထောက်ပံ့ငွေတွေနဲ့ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆက်စပ်နေတဲ့ ပြည်ထောင်စု ဝန်ကြီးဌာန၊အဖွဲ့အစည်းတွေ အကြား အဓိက ဝန်ကြီးဌာနတစ်ခုအဖြစ် ထိရောက်စွာ ပေါင်း စပ်ညှိနှိုင်းပြီး အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)