
0
381



……………… ။ ။ ………………..

ဦးသောင်းထွန်းနဲ့ ဦးကျော်တင်ကို အသစ်ဖွဲ့မယ့် ဝန်ကြီးဌာနအတွက် လျာထား

အသစ်ဖွဲ့မယ့် ဝန်ကြီးဌာနတွေဖြစ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ် အငြိမ်းစား သံအမတ်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဖြစ် နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးကျော်တင်တို့ကို သမ္မတ ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်ထံ တင်ပြထားပါတယ်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ အတွက်ကိုတော့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ရွေးချယ်ထားပါတယ်။

အခု တင်သွင်းထားတဲ့ အမည်စာရင်းကို ကန့်ကွက်လိုတဲ့ အမတ်တွေဟာ နိုဝင်ဘာ ၂၂ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ အမည်စာရင်း ပေးရမှာဖြစ်ပြီး နိုဝင်ဘာ ၂၃ မှာ အတည်ပြုမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)