မံုရြာမွာ ေရနံခ်က္ဖို မီးေလာင္၊ ေရနံစိမ္း ဂါလံ ၂၅၀၀ ဆံုး႐ံႈး

0
361

စစ္ကိုင္းတိုင္း၊ မံုရြာၿမိဳ႕နယ္၊ ဖန္းခါးက်င္းရြာ အေနာက္ဘက္ တစ္မိုင္အကြာရွိ ေရနံခ်က္ဖို မီးေလာင္မႈ ဒီေန႔ ႏိုဝင္ဘာ ၂၀ ရက္ေန႔မွာ ျဖစ္ပြားခဲ့ပါတယ္။

ပုိင္ရွင္ ဦးေအာင္ေအာင္ရဲ႕ ကမာၻေက်ာ္ ေရနံခ်က္ဖိုမွာ ေရနံခ်က္ဖို႔ မန္ေနဂ်ာ ဦးေဖသန္းက မနက္ ၄ နာရီက မီးဖိုခဲ့ရာ နာရီဝက္အၾကာမွာ ဆီက်ကန္ ဆီအေငြ႔ကတဆင့္ မီးစတင္ ေလာင္ကြ်မ္းတာ ျဖစ္ပါတယ္။

မီးသတ္တပ္ဖြဲ႔ဝင္ ၁၀၀ တို႔က မီးသတ္ယာဥ္၊ ေရသယ္ယာဥ္ ၁၂ စီးနဲ႔ ၿငိမ္းသတ္ခဲ့ရၿပီး မနက္ ၆ နာရီခြဲမွာ မီးၿငိမ္းသြားပါတယ္။ မီးေလာင္မႈေၾကာင့္ ေရနံခ်က္ဖို သံုးဖိုက ေရနံစိမ္း ဂါလံ ၂၅၀၀ ခန္႔ ဆံုး႐ံႈးခဲ့ၿပီး လူထိခိုက္ဒဏ္ရာရမႈ မရွိပါဘူး။ မန္ေနဂ်ာ ဦးေဖသန္းကိုေတာ့ မံုရြာၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။
……………….. ။ ။ ………………….

မုံရွာမှာ ရေနံချက်ဖို မီးလောင်၊ ရေနံစိမ်း ဂါလံ ၂၅၀ဝ ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဖန်းခါးကျင်းရွာ အနောက်ဘက် တစ်မိုင်အကွာရှိ ရေနံချက်ဖို မီးလောင်မှု ဒီနေ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

ပိုင်ရှင် ဦးအောင်အောင်ရဲ့ ကမ္ဘာကျော် ရေနံချက်ဖိုမှာ ရေနံချက်ဖို့ မန်နေဂျာ ဦးဖေသန်းက မနက် ၄ နာရီက မီးဖိုခဲ့ရာ နာရီဝက်အကြာမှာ ဆီကျကန် ဆီအငွေ့ကတဆင့် မီးစတင် လောင်ကျွမ်းတာ ဖြစ်ပါတယ်။

မီးသတ်တပ်ဖွဲ့ဝင် ၁၀ဝ တို့က မီးသတ်ယာဉ်၊ ရေသယ်ယာဉ် ၁၂ စီးနဲ့ ငြိမ်းသတ်ခဲ့ရပြီး မနက် ၆ နာရီခွဲမှာ မီးငြိမ်းသွားပါတယ်။ မီးလောင်မှုကြောင့် ရေနံချက်ဖို သုံးဖိုက ရေနံစိမ်း ဂါလံ ၂၅၀ဝ ခန့် ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။ မန်နေဂျာ ဦးဖေသန်းကိုတော့ မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)