ဒီမိုကေရစီေခတ္နဲ႔ အညီ ရသင့္တဲ့ စာအုပ္၊ စာမူေတြကို ေရြးခ်ယ္တယ္လို႔ ဒု သမၼတ ဦးျမင့္ေဆြ ေျပာ

0
382

အမ်ိဳးသား စာေပဆုေတြကို ေရြးခ်ယ္ရာမွာ ဒီမိုကေရစီ ေခတ္နဲ႔အညီ အမွန္တကယ္ ရသင့္တဲ့ စာအုပ္၊ စာမူေတြကို ေရြးခ်ယ္ႏိုင္ေရး စနစ္တက် ေဆာက္ရြက္ခဲ့တယ္လို႔ ဒု သမၼတ ဦးျမင့္ေဆြက ေျပာပါတယ္။

မေန႔က ႏိုဝင္ဘာ ၁၉ ရက္ေန႔ ရန္ကုန္ၿမိဳ႕မွာ က်င္းပတဲ့ ၂၀၁၆ ခုႏွစ္အတြက္ အမ်ိဳးသားစာေပ တစ္သက္တာဆု၊ အမ်ိဳးသားစာေပဆုနဲ႔ စာေပဗိမာန္ စာမူဆု ခ်ီးျမွင့္ပြဲမွာ ဒု သမၼတ ဦးျမင့္ေဆြက ေျပာသြားတာ ျဖစ္ပါတယ္။

အမ်ိဳးသားစာေပဆု စိစစ္ေရြးခ်ယ္ေရး ေကာ္မတီကို ပညာရွင္ ၇၇ ဦးနဲ႔ ဖြဲ႔စည္းေပးထားၿပီး စာေပဗိမာန္စာမူဆု စိစစ္ေရြးခ်ယ္ေရး အဖြဲ႔ကို ပညာရွင္ ၂၈ ဦးနဲ႔ ဖြဲ႔စည္းေပးထားေၾကာင္းလည္း ဒု သမၼတ ဦးျမင့္ေဆြက ေျပာပါတယ္။ အမ်ိဳးသားစာေပ တစ္သက္တာ ဆုကို ဆရာႀကီး ဦးသာႏိုး (ေမာင္သာႏိုး)၊ ဆရာႀကီး ဦးသိန္းသန္းထြန္း (သိန္းသန္းထြန္း) နဲ႔ ဆရာႀကီး ဦးေက်ာ္ဝင္း (ညိဳဝင္း) တို႔က ရရွိပါတယ္။
………………… ။ ။ ………………….
ဒီမိုကရေစီခေတ်နဲ့ အညီ ရသင့်တဲ့ စာအုပ်၊ စာမူတွေကို ရွေးချယ်တယ်လို့ ဒု သမ္မတ ဦးမြင့်ဆွေ ပြော

အမျိုးသား စာပေဆုတွေကို ရွေးချယ်ရာမှာ ဒီမိုကရေစီ ခေတ်နဲ့အညီ အမှန်တကယ် ရသင့်တဲ့ စာအုပ်၊ စာမူတွေကို ရွေးချယ်နိုင်ရေး စနစ်တကျ ဆောက်ရွက်ခဲ့တယ်လို့ ဒု သမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၁၉ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနဲ့ စာပေဗိမာန် စာမူဆု ချီးမြှင့်ပွဲမှာ ဒု သမ္မတ ဦးမြင့်ဆွေက ပြောသွားတာ ဖြစ်ပါတယ်။

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို ပညာရှင် ၇၇ ဦးနဲ့ ဖွဲ့စည်းပေးထားပြီး စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ကို ပညာရှင် ၂၈ ဦးနဲ့ ဖွဲ့စည်းပေးထားကြောင်းလည်း ဒု သမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။ အမျိုးသားစာပေ တစ်သက်တာ ဆုကို ဆရာကြီး ဦးသာနိုး (မောင်သာနိုး)၊ ဆရာကြီး ဦးသိန်းသန်းထွန်း (သိန်းသန်းထွန်း) နဲ့ ဆရာကြီး ဦးကျော်ဝင်း (ညိုဝင်း) တို့က ရရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)