ျမန္မာႏိုင္ငံမွာ ခံတြင္းကင္ဆာ ျဖစ္သူ အားလံုးနီးပါး ကြမ္းစားသူေတြ ျဖစ္

0
377

ျမန္မာႏိုင္ငံမွာ ခံတြင္းကင္ဆာ ျဖစ္သူ အားလံုးနီးပါးဟာ ေဆးရြက္ႀကီးသံုး ကြမ္းစားသူေတြ ျဖစ္တယ္လို႔ သုေတသန စာတမ္းတစ္ခုက ေဖာ္ျပပါတယ္။

ESMO Asia 2017 ေဆးပညာညီလာခံကို တင္သြင္းတဲ့ သုေတသန တစ္ရပ္မွာ ဆယ္ေက်ာ္သက္အရြယ္ ကစၿပီး ကြမ္းစားမႈဟာ ခံတြင္းကင္ဆာ ျဖစ္ေစတဲ့ အဓိက အေၾကာင္းရင္းလို႔ ေဖာ္ျပပါတယ္။

၂၀၁၂ ခုႏွစ္ ေလ့လာခ်က္အရ ခံတြင္းကင္ဆာ ျဖစ္ပြားသူ ထက္ဝက္ေက်ာ္ဟာ အာရွက ျဖစ္ပါတယ္။ ၂၀၁၂ မွာ ခံတြင္းကင္ဆာ ျဖစ္ပြားမႈ ၁ သိန္း ၆ ေသာင္းေက်ာ္ ရွိေၾကာင္း ေတြ႔ရပါတယ္။

ျမန္မာႏိုင္ငံမွာ အမ်ိဳးသား ၅၀ ရာခိုင္ႏႈန္းဟာ ကြမ္းစားတဲ့အေလ့ ရွိၾကပါတယ္။ ကြမ္းစားျခင္းေၾကာင့္ ခံတြင္းကင္ဆာအျပင္ ဦးေခါင္းနဲ႔ လည္ေခ်ာင္းကင္ဆာလည္း ျဖစ္ပြားေလ့ရွိပါတယ္။
…………………. ။ ။ ……………………

မြန်မာနိုင်ငံမှာ ခံတွင်းကင်ဆာ ဖြစ်သူ အားလုံးနီးပါး ကွမ်းစားသူတွေ ဖြစ်

မြန်မာနိုင်ငံမှာ ခံတွင်းကင်ဆာ ဖြစ်သူ အားလုံးနီးပါးဟာ ဆေးရွက်ကြီးသုံး ကွမ်းစားသူတွေ ဖြစ်တယ်လို့ သုတေသန စာတမ်းတစ်ခုက ဖော်ပြပါတယ်။
ESMO Asia 2017 ဆေးပညာညီလာခံကို တင်သွင်းတဲ့ သုတေသန တစ်ရပ်မှာ ဆယ်ကျော်သက်အရွယ် ကစပြီး ကွမ်းစားမှုဟာ ခံတွင်းကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းလို့ ဖော်ပြပါတယ်။

၂၀၁၂ ခုနှစ် လေ့လာချက်အရ ခံတွင်းကင်ဆာ ဖြစ်ပွားသူ ထက်ဝက်ကျော်ဟာ အာရှက ဖြစ်ပါတယ်။ ၂၀၁၂ မှာ ခံတွင်းကင်ဆာ ဖြစ်ပွားမှု ၁ သိန်း ၆ သောင်းကျော် ရှိကြောင်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ၅၀ ရာခိုင်နှုန်းဟာ ကွမ်းစားတဲ့အလေ့ ရှိကြပါတယ်။ ကွမ်းစားခြင်းကြောင့် ခံတွင်းကင်ဆာအပြင် ဦးခေါင်းနဲ့ လည်ချောင်းကင်ဆာလည်း ဖြစ်ပွားလေ့ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)