ဆယ္လ္ဖီ ႐ိုက္သူ ဆည္အတြင္းျပဳက်ရာက ဆယ္ယူသူပါ ႏွစ္ဦးစလံုး ေရနစ္ ေသဆံုး

0
320
(ဓာတ္ပံု – Ka Shlne)

မေကြးတိုင္း၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ကင္ပြန္းေတာင္ဆည္မွာ မိုဘိုင္းဖုန္းနဲ႔ ဆယ္လ္ဖီ ႐ိုက္သူ ဆည္ထဲ ျပဳက်ရာက လိုက္လံဆယ္ယူပါ ႏွစ္ဦးစလံုး ေရနစ္ေသဆံုးမႈ ျဖစ္ပြားခဲ့ပါတယ္။

ႏိုဝင္ဘာ ၁၈ ရက္ေန႔ ညေနက ေခ်ာင္းနက္ အေရွ႕စုေက်းရြာေန ေအာင္မ်ိဳးထက္ (၁၉ ႏွစ္) က သူငယ္ခ်င္းေတြနဲ႔ ကင္ပြန္းေတာင္ဆည္မွာ ဓာတ္ပံု႐ိုက္ထြက္ခဲ့ရာ ေရထုတ္ျပြန္ အေနာက္ဘက္ တံတားအနီး တစ္ဦးတည္း ဆယ္လ္ဖီ ဓာတ္ပံု ႐ိုက္ေနစဥ္ ဆည္ထဲကို ျပဳတ္က်ခဲ့တာ ျဖစ္ပါတယ္။

တစ္ရြာတည္းေန မင္းမင္းဦးနဲ႔ သီဟေက်ာ္တို႔ လိုက္လံ ဆယ္ယူစဥ္မွာ ေအာင္မ်ိဳးထက္နဲ႔ မင္းမင္းဦးတို႔ ေရနစ္ေသဆံုးခဲ့ၾကတာ ျဖစ္ပါတယ္။ ဆတ္သြားရဲစခန္းက ေသမႈေသခင္းအရ စစ္ေဆးေနပါတယ္။
…………………. ။ ။ …………………….

ဆယ်လ်ဖီ ရိုက်သူ ဆည်အတွင်းပြုကျရာက ဆယ်ယူသူပါ နှစ်ဦးစလုံး ရေနစ် သေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ကင်ပွန်းတောင်ဆည်မှာ မိုဘိုင်းဖုန်းနဲ့ ဆယ်လ်ဖီ ရိုက်သူ ဆည်ထဲ ပြုကျရာက လိုက်လံဆယ်ယူပါ နှစ်ဦးစလုံး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့ ညနေက ချောင်းနက် အရှေ့စုကျေးရွာနေ အောင်မျိုးထက် (၁၉ နှစ်) က သူငယ်ချင်းတွေနဲ့ ကင်ပွန်းတောင်ဆည်မှာ ဓာတ်ပုံရိုက်ထွက်ခဲ့ရာ ရေထုတ်ပြွန် အနောက်ဘက် တံတားအနီး တစ်ဦးတည်း ဆယ်လ်ဖီ ဓာတ်ပုံ ရိုက်နေစဉ် ဆည်ထဲကို ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

တစ်ရွာတည်းနေ မင်းမင်းဦးနဲ့ သီဟကျော်တို့ လိုက်လံ ဆယ်ယူစဉ်မှာ အောင်မျိုးထက်နဲ့ မင်းမင်းဦးတို့ ရေနစ်သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဆတ်သွားရဲစခန်းက သေမှုသေခင်းအရ စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)