ရခိုင္ျပည္နယ္ ျပႆနာ ေျဖရွင္းေရး က႑ သံုးခု ခြဲျခားဖို႔ တ႐ုတ္ေျပာ

0
313

ရခိုင္ျပည္နယ္ ျပႆနာ ေျဖရွင္းေရးနဲ႔ ပတ္သက္ၿပီး အခန္းက႑ သံုးခု ခြဲျခားဖို႔ လိုအပ္တယ္လို႔ ႐ႈျမင္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။

ပထမ တစ္ခုက တည္ၿငိမ္မႈ၊ ေအးခ်မ္းမႈ ရရွိၿပီး ေနာက္ထပ္ ပစ္ခတ္တိုက္ခိုက္မႈ မျဖစ္ေအာင္ ထိန္းသိမ္းေရး၊ ဒုတိယအေနနဲ႔ (ဘဂၤလားေဒ့ရွ္နဲ႔) ေဆြးေႏြးပြဲအတြက္ ေကာင္းမြန္တဲ့ နည္းလမ္း ရွာေဖြဖို႔နဲ႔၊ တတိယအခ်က္က သေဘာတူညီခ်က္ စာခ်ဳပ္ အျမန္ဆံုး ခ်ဳပ္ဆိုတာ ဆင္းရဲႏြမ္းပါးမႈ ေလ်ာ့ပါးေရး ေဖာ္ေဆာင္ဖို႔ ျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယိက ႏုိင္ငံျခားေရး ဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မေန႔က ႏိုဝင္ဘာ ၂၀ မွာ ေနျပည္ေတာ္မွာ ေတြ႔ဆံုစဥ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

တည္ၿငိမ္ေအးခ်မ္းမႈ မရွိျခင္းရဲ႕ အေၾကာင္းရင္းက ဆင္းရဲႏြမ္းပါးမႈျဖစ္ၿပီး ဆင္ရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရးမွာ ႏိုင္ငံတကာက ပိုမိုကူညီပံ့ပိုးဖို႔ လိုေၾကာင္း၊ တ႐ုတ္-ျမန္မာ ပူးေပါင္းေဆာင္ရြက္ေရး အခန္းက႑သစ္ကို ေရာက္ရွိေနတဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးနဲ႔ လူမႈေရး တိုးတက္ေအာင္ ကူညီပံ့ပိုးမွာျဖစ္ေၾကာင္းလည္း ႏိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယိက ေျပာပါတယ္။
………………… ။ ။ …………………
ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေး ကဏ္ဍ သုံးခု ခွဲခြားဖို့ တရုတ်ပြော

ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အခန်းကဏ္ဍ သုံးခု ခွဲခြားဖို့ လိုအပ်တယ်လို့ ရှုမြင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ပထမ တစ်ခုက တည်ငြိမ်မှု၊ အေးချမ်းမှု ရရှိပြီး နောက်ထပ် ပစ်ခတ်တိုက်ခိုက်မှု မဖြစ်အောင် ထိန်းသိမ်းရေး၊ ဒုတိယအနေနဲ့ (ဘင်္ဂလားဒေ့ရှ်နဲ့) ဆွေးနွေးပွဲအတွက် ကောင်းမွန်တဲ့ နည်းလမ်း ရှာဖွေဖို့နဲ့၊ တတိယအချက်က သဘောတူညီချက် စာချုပ် အမြန်ဆုံး ချုပ်ဆိုတာ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး ဖော်ဆောင်ဖို့ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က နိုဝင်ဘာ ၂၀ မှာ နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တည်ငြိမ်အေးချမ်းမှု မရှိခြင်းရဲ့ အကြောင်းရင်းက ဆင်းရဲနွမ်းပါးမှုဖြစ်ပြီး ဆင်ရဲနွမ်းပါးမှု လျှော့ချရေးမှာ နိုင်ငံတကာက ပိုမိုကူညီပံ့ပိုးဖို့ လိုကြောင်း၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍသစ်ကို ရောက်ရှိနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး တိုးတက်အောင် ကူညီပံ့ပိုးမှာဖြစ်ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)