
0
312

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO ရုံး ဖွင့်ပွဲကို နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ အဆိုပါ ရုံးနေရာမှာ ကျင်းပပါတယ်။


…………………. ။ ။ ………………….

အပစ်ရပ် လက်နက်ကိုင် အဖွဲ့များ NCA-S EAO ရုံး ဖွင့်လှစ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာခှုပ် လက်မှတ်ရေးထိုးထားသော တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO ရုံး ဖွင့်ပွဲကို နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ အဆိုပါ ရုံးနေရာမှာ ကျင်းပပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ Peace Support Programme မန်နေဂျာ မစ္စတာ မန်နျူရယ် ဒီ ရီဗာရာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါတယ်။

NCA-S EAO ရုံးဟာ မိမိတို့အကြား ညှိနှိုင်းဆောင်ရွက်မှုကို ကောင်းမွန်စေမှာ ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို များစွာအထောက်အကူ ဖြစ်မယ်လို့ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)