
0
383




………………….. ။ ။ …………………….
ရခိုင်ပြည်နယ် အခြေအနေမှန်တွေ နိုင်ငံတကာ သိရေး တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွေးနွေး

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေမှန်တွေကို နိုင်ငံတကာက သိအောင် ဆောင်ရွက်သင့်တဲ့ အခြေအနေတွေကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဆွေးနွေးခဲ့ပါတယ်။

မနေ့က နိုဝင်ဘာ ၁၉ မှာ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးမယ့် အခြေအနေတွေ၊ နှစ်နိုင်ငံ တပ်မတော်အကြား ဆက်ဆံရေးကတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်မှု အခြေအနေတွေကို ဆွေးနွေးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)