Weekly Eleven ဂ်ာနယ္လစ္ေတြကုိ ဖမ္းဆီးတရားစြဲဆုိမႈ ႐ုတ္သိမ္းေပးဖို႔ သတင္းမီဒီယာေကာင္စီ ေတာင္းဆုိ

0
695

Weekly Eleven ဂ်ာနယ္ရွိ အယ္ဒီတာခ်ဳပ္အပါအ၀င္ သုံးဦးကုိ ဖမ္းဆီးတရားစြဲဆုိထားမႈ ျပန္လည္႐ုတ္သိမ္းေပးဖုိ႔ ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႕ကုိ ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီက တရား၀င္ အသိေပး ေျပာၾကားခဲ့ပါတယ္။

သတင္းမီဒီယာေကာင္စီက သမၼတရဲ႕ ညႊန္ၾကားခ်က္အတုိင္း လာေရာက္တုိင္ၾကားတဲ့ ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႔ညႊန္ၾကားေရးမွဴးနဲ႔ Eleven Media Group တုိ႔ဟာ တာ၀န္ရွိသူေတြကုိ ေအာက္တုိဘာလ ၁၉ရက္ေန႔ ရန္ကုန္ၿမိဳ႕ သတင္းမီဒီယာေကာင္စီ ႐ုံးခန္းမွာ သီးျခားေတြ႕ဆုံခဲ့ရာမွာ အခုလုိ ေျပာဆုိခဲ့တာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ အခုလုိ ရန္ကုန္တုိင္းအစုိးရအဖြဲ႕ ညႊန္ၾကားေရးမွဴးအေနနဲ႔ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီကုိ ဥပေဒနဲ႔အညီ ကုိင္တြယ္ေဆာင္ရြက္ႏုိင္ဖို႔အတြက္ တုိင္းအစုိးရအေနနဲ႔ လက္ရွိ စြပ္စြဲထားတဲ့အမႈကုိ ျပန္လည္ ႐ုတ္သိမ္းေပးဖုိ႔ လုိအပ္ေနတာ ျဖစ္ပါတယ္။ အဲဒီလုိ ႐ုတ္သိမ္းၿပီးမွသာ သတင္းမီဒီယာေကာင္စီအေနနဲ႔ ၾကား၀င္ ေဆာင္ရြက္ေပးႏုိင္မွာ ျဖစ္တယ္လုိ႔ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီ ဦးျမင့္ေက်ာ္က ေျပာပါတယ္။

ေအာက္တုိဘာလ ၈ ရက္ေန႔ထုတ္ Weekly Eleven ဂ်ာနယ္ စာမ်က္ႏွာ ၂၆ မွာ ေဖာ္ျပထားတဲ့ “အၿမဲ႐ံႈႈးေနတဲ့ စက္သံုးဆီဆိုင္ေတြ ပိတ္ေရး၊ ေငြေခ်းသူ ဘယ္သူမွန္း မသိတဲ့ ေက်ာင္းကားနဲ႔ လူအမည္ေပါက္ ျပည္သူ႔ရွယ္ယာ” ေဆာင္းပါးနဲ႔ ပတ္သက္ၿပီး Eleven Media က ဂ်ာနယ္လစ္ သံုးဦးကုိ ပုဒ္မ ၅၀၅ (ခ)နဲ႔ တရားစြဲဆုိခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Weekly Eleven ဂျာနယ်လစ်တွေကို ဖမ်းဆီးတရားစွဲဆိုမှု ရုတ်သိမ်းပေးဖို့ သတင်းမီဒီယာကောင်စီ တောင်းဆို

Weekly Eleven ဂျာနယ်ရှိ အယ်ဒီတာချုပ်အပါအဝင် သုံးဦးကို ဖမ်းဆီးတရားစွဲဆိုထားမှု ပြန်လည်ရုတ်သိမ်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တရားဝင် အသိပေး ပြောကြားခဲ့ပါတယ်။

သတင်းမီဒီယာကောင်စီက သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း လာရောက်တိုင်ကြားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြားရေးမှူးနဲ့ Eleven Media Group တို့ဟာ တာဝန်ရှိသူတွေကို အောက်တိုဘာလ ၁၉ရက်နေ့ ရန်ကုန်မြို့ သတင်းမီဒီယာကောင်စီ ရုံးခန်းမှာ သီးခြားတွေ့ဆုံခဲ့ရာမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် အခုလို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးအနေနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ဥပဒေနဲ့အညီ ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းအစိုးရအနေနဲ့ လက်ရှိ စွပ်စွဲထားတဲ့အမှုကို ပြန်လည် ရုတ်သိမ်းပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အဲဒီလို ရုတ်သိမ်းပြီးမှသာ သတင်းမီဒီယာကောင်စီအနေနဲ့ ကြားဝင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဦးမြင့်ကျော်က ပြောပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ မှာ ဖော်ပြထားတဲ့ “အမြဲရှံှုုးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးနဲ့ ပတ်သက်ပြီး Eleven Media က ဂျာနယ်လစ် သုံးဦးကို ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)