
0
1037





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အောင်လအန်ဆန် မိုဟာမက်ခရာခီကို သုံးချီအတွင်း အနိုင်ထိုးသတ်မယ်

One Championship က ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့အဆင့်မီ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ One: Pursuit of Greatness မှာ ဝမ်းမယ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် အောင်လအန်ဆန်က ပြိုင်ဘက် လက်ဘနွန် နိုင်ငံသား မိုဟာမက်ခရာခီကို သုံးချီးအတွင်း အနိုင်ထိုးသတ်ပြီး ခါးပတ်ကို ကာကွယ်သွားမယ်လို့ ပြောပါတယ်။

အဲဒီပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီမှာ စမှာဖြစ်ပြီး ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားခန်းမမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အောင်လအန်ဆန်က အခုထိုးမယ့်ပွဲဟာ မြန်မာနိုင်ငံမှာ ဒီနှစ်အတွက် နောက်ဆုံးပွဲဖြစ်ပြီးတော့ ၂၀၁၉ ခုနှစ် မတ်လမှာ သူ့ရဲ့ နောက်ထပ်ခါးပတ် တစ်ခုဖြစ်တဲ့ ဝမ်းလိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ် ကာကွယ်ပွဲကို ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်က မြစ်ကြီးနားနဲ့ ရန်ကုန်မြို့မှာ MMA သင်တန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပြီး အခုလာမယ့် ဒီဇင်ဘာလမှာ ဂျင်သင်တန်းဖွင့်သွားမယ်လို့ အောင်လအန်ဆန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)