ေျမာက္ကိုရီးယား သံတမန္ကို ျမန္မာအစိုးရ ႏွင္ထုတ္

0
518

ကုလသမဂၢ လံုျခံဳေရးေကာင္စီ ပိတ္ဆုိ႔မႈေတြနဲ႔ ဆက္ႏြယ္မႈရွိတဲ့ ကုမၸဏီတစ္ခုကို ပိုင္ဆုိင္ထားတဲ့ ေျမာက္ကိုရီးယား သံတမန္တစ္ဦးကို ျမန္မာ ႏိုင္ငံကေန ႏွင္ထုတ္ခဲ့ပါတယ္။

ျမန္မာႏုိင္ငံရွိ ေျမာက္ကိုရီးယားသံရံုးမွာ ဒုတိယအတြင္းဝန္အျဖစ္ထမ္းေဆာင္ေနတဲ့ ကင္ခ်ိဳနမ္ဟာ ကိုရီးယား သတၱဳ ဖြံၿဖိဳးေရး ကုန္သြယ္မႈ ပူးေပါင္းေဆာင္ရြက္ေရးကုမၸဏီ (KOMID), ကို ပိုင္ဆုိင္သူျဖစ္ၿပီး အဲဒီ ကုမၸဏီဟာ ကုလသမဂၢလံုျခံဳေရးေကာင္စီရဲ႕ ပိတ္ဆိုမႈခ်မွတ္ခံထားရပါတယ္။

(KOMID) ဟာ ေျမာက္ကိုရီးယားဒံုးက်ည္ ဖြံၿဖိဳးေရးနဲ႔ ပတ္သက္တဲ့ ပစၥည္းေတြနဲ႔ လက္နက္ေတြကို တင္ပို႔မႈေတြလုပ္ေနတာေၾကာင့္ ကုလသမဂၢလံုျခံဳေရးေကာင္စီက ၂၀၀၉ခုႏွစ္မွာ အမည္ပ်က္စာရင္းသြင္း ကာ ပိတ္ဆို႔မႈေတြခ်မွတ္ခဲ့ပါတယ္။

ကုလသမဂၢလံုျခံဳေရးေကာင္စီရဲ႕ ပိတ္ဆုိ႔မႈအစီရင္ခံစာမွာ ျမန္မာႏုိင္ငံဟာ ကုလသမဂၢလံုျခံဳေရးေကာင္စီရဲ႕ ဆံုးျဖတ္ခ်က္ကို အျပည့္အဝ အေကာင္ထည္ေဖာ္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။
……………… ။ ။ ……………….

မြောက်ကိုရီးယားသံတမန်ကို မြန်မာအစိုးရ နှင်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပိတ်ဆို့မှုတွေနဲ့ ဆက်နွယ်မှုရှိတဲ့ ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယား သံတမန်တစ်ဦးကို မြန်မာ နိုင်ငံကနေ နှင်ထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ မြောက်ကိုရီးယားသံရုံးမှာ ဒုတိယအတွင်းဝန်အဖြစ်ထမ်းဆောင်နေတဲ့ ကင်ချိုနမ်ဟာ ကိုရီးယား သတ္တု ဖွံဖြိုးရေး ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးကုမ္ပဏီ (KOMID), ကို ပိုင်ဆိုင်သူဖြစ်ပြီး အဲဒီ ကုမ္ပဏီဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆိုမှုချမှတ်ခံထားရပါတယ်။

(KOMID) ဟာ မြောက်ကိုရီးယားဒုံးကျည် ဖွံဖြိုးရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေနဲ့ လက်နက်တွေကို တင်ပို့မှုတွေလုပ်နေတာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀ဝ၉ခုနှစ်မှာ အမည်ပျက်စာရင်းသွင်း ကာ ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့မှုအစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်ထည်ဖော်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)