
0
491



…………………… ။ ။ ………………………

ဖြိုးကိုကိုတင့်ဆန်း အမှု မသင်္ကာသူတွေကို ဖမ်းဆီး စစ်ဆေး

လက်နက်နဲ့ မူးယစ်ဆေးဝါး ဖမ်းမိတဲ့ ဖြိုးကိုကိုတင့်ဆန်း အမှုနဲ့ ပတ်သက်ပြီး မသင်္ကာသူတွေကို ဖမ်းဆီး စစ်ဆေးနေပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိ မြို့မရဲစခန်းက လက်နက်ပုဒ်မ ၁၉-က နဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၉ ရက်နေ့မှာ Hotle ACE ယာယီတာဝန်ခံ ဂျိုးဇက် (ခ) စယောသ (၅၄ နှစ်)၊ Hotle ACE ဝန်ထမ်းဟောင်း ဇင်ကိုလတ် (ခ) ဇင်ကို (၂၉ နှစ်)၊ ငွေစာရင်းစစ် အောင်ရဲဖြိုး (၂၆ နှစ်)၊ ယာဉ်မောင်း မျိုးမြင့်ဇော် (ခ) ကိုမျိုး (၄၁ နှစ်)၊ Hotle ACE ဝန်ထမ်းဟောင်း မခင်မျိုးဝင်း (၄၃ နှစ်) တို့ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။

ဒက္ခိဏသီရိမြို့နယ်ရှိ Hotle ACE က ဖြိုးကိုကိုတင့်ဆန်းရဲ့ အခန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက်တို့ အခန်းတွေမှာ သေနတ်နဲ့ ကျည်ဆန်တွေ အောက်တိုဘာ ၁၅ ရက်နေ့ ဖမ်းမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)