
0
455



…………………. ။ ။ ………………..

နေပြည်တော်မှာ ကျည်ဆန်မျိုးစုံ အတောင့် ၄၀ တွေ့

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ထိုက်သူပန် ပျိုးဥယျာဉ်အနီး ပလက်ဖောင်းဘေး မြက်ခင်းမှာ ကျည်မျိုးစုံ အတောင့် ၄၀ တွေ့ရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့က စည်ပင်သန့်ရှင်းရေး ဝန်ထမ်း မခင်မာဦးက သန့်ရှင်းရေးဆောင်ရွက်စဉ် ပလတ်စတစ်အိတ်နဲ့ ထုတ်ထားတဲ့ ကျည်ဆန်တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တွေ့ရှိရတဲ့ ကျည်ဆန်တွေကို အမှတ် (၁) မြို့မရဲစခန်းကို အပ်နှံပြီး ရဲစခန်းကတဆင့် စစ်လက်နက်ခဲယမ်း ပစ္စည်းတပ်ကို အပ်နှံမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)