ONE ASEAN ONE RESPONSE မှာ မြန်မာ ပူးပေါင်း

0
384

အာဆီယံနိုင်ငံများမှာ သဘာဝဘေး ဖြစ်ပေါ်ပါက အာဆီယံနိုင်ငံများ စုပေါင်းပြီး အတူတကွ ကူညီဆောင်ရွက်မယ့် ONE ASEAN ONE RESPONSE အစီအစဉ်မှာ မြန်မာနိုင်ငံက အပြည့်အ၀ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ လွန်ပရာဘွန်မြို့မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့က ကျင်းပပြုလုပ်တဲ့ (၅) ကြိမ်မြောက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က အာဆီယံနိုင်ငံများမှာ သဘာဝဘေး ဖြစ်ပေါ်ပါက အာဆီယံနိုင်ငံများ စုပေါင်းပြီး အတူတကွ ကူညီဆောင်ရွက်တဲ့ ONE ASEAN ONE RESPONSE အစီအစဉ်နဲ့ ကူညီဆောင်ရွက်နေတယ်။

ဒီလို ဆောင်ရွက်ရာမှာ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးစင်တာ (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Centre) က အဓိက ဆောင်ရွက်ပေးနေပါတယ်။

သဘာဝ ဘေးအန္တရာယ်များသာမက လူကြောင့်ဖြစ်တဲ့ဘေးများမှာလည်း ကူညီဆောင်ရွက်လျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တို့မှာ ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)