ICRC က ရခိုင်မှာ ပိုကူညီမယ်

0
358

ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ကို ဒီထက်မက ကူညီပေးဖို့ လူအင်အား၊ ငွေအင်အားနဲ့ လုပ်ငန်းခွင် အထောက်အကူပစ္စည်းများကို တိုးမြှင့်နေတယ်လို့ အဖွဲတာဝန်ရှိသူက ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ICRC အဖွဲ့ တာဝန်ရှိသူတွေ စစ်​​တွေမှာ အောက်တိုဘာ ၁၉ရက်က တွေ့ဆုံတုန်း ပြောခဲ့တာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အကူအညီပေးရာမှာ ​ ညီမျှစွာလုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်တိုးတက်ရေး လုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရက ညွှန်ကြားထားပြီဖြစ်တယ်၊ မောင်တောဒေသအ​ရေးကို အချိန်ယူပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ကြောင်း ပြည်နယ်အစိုးရ သတင်းမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)