ကျောင်းတွေမှာ School Family Day လုပ်ဖို့ ပညာရေးဝန်ကြီး ပြော

0
380

အခြေခံပညာကျောင်းများမှာ ကျောင်းသားမိဘများနဲ့ ပြည်သူလူထု တစ်ရပ်လုံးပါဝင်တဲ့ (School Family Day) ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်က ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လုပ်ငန်း ညှိနှိုင်း အစည်း အဝေးမှာ ပြောခဲ့တာဖြစ်ပြီး ကျောင်းများမှာ အားကစားပြိုင်ပွဲများ၊ ပန်းချီ၊ ဂီတအနုပညာပွဲများ ကျင်းပ ပြုလုပ်ဖို့လည်း ပြောပါတယ်။

ပြိုင်ပွဲတွေဖြစ်မြောက်ဖို့ မိဘဆရာအသင်း၊ ပြည်သူလူထုများနဲ့ ပူးပေါင်းကာ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြပါလို့လည်း ဝန်ကြီးက ပြောပါတယ်။ အခုအခါ အခြေခံပညာကျောင်းများမှာ ကျောင်း ထွက်နှုန်းလျော့နည်းပြီး သင်ယူ တတ်မြောက်မှုနှုန်း မြင့်မားလာနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)