ရန်ကုန်တိုင်းအတွင်း ဟောပြောပွဲတွေ မလုပ်ဖို့ NLD ပါတီ ဗဟို ညွှန်ကြား

0
294
ရန်ကုန်တိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့  ကိုယ်စားလှယ်လောင်းတွေအပါအ၀င် ပါတီဝင်တွေနဲ့ အောင်နိုင်ရေးအဖွဲ့ဝင်တွေအနေနဲ့ ဟောပြောပွဲတွေ မပြုလုပ်ဖို့ ပါတီရဲ့  ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ညွှန်ကြားလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ပြီး အဲ့လို ညွှန်ကြားလိုက်တာဖြစ်ပါတယ်။
U NYAN WIN NLD MCN
ဒါအပြင် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ များများ ထိတွေ့ပြီး တစ်အိမ်တက်ဆင်း  မဲဆွယ်စည်းရုံးကြဖို့ကိုလည်း ပါတီ ဗဟိုက ညွှန်ကြားထားတာပါ။
အလားတူ ဒီလိုမဲဆွယ်စည်းရုံးမှုတွေကိုပြုလုပါတဲ့အခါ မဲဆန္ဒရှင်တွေရဲ့ မဲစာရင်းအမှတ်စဉ်၊ အမည်နဲ့ မှတ်ပုံတင်အမှတ်ပါရှိတဲ့ မဲဖိတ်စာတွေကို ပါတီရဲ့  အလံ၊ တံဆိပ်၊ သင်္ကေတနဲ့ အမှတ်အသားတွေ မပါဝင်စေပဲ ဖြန့်ဝေကြဖို့ ညွှန်ကြားချက်ကို အထူးလိုက်လာဖို့ကိုလည်း ထပ်မံညွှန်ကြားထားတာပါ။
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်း အများဆုံး ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)