၆ ရက်အတွင်း နိုင်ငံပြင်ပရောက် ကြိုတင်မဲ ၁၇၅၀၀ နီးပါးရှိဟုဆို

0
302
၆ ရက်အတွင်း နိုင်ငံအသီးသီးမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား ၁၇၅၀၀ နီးပါး ကြိုတင်မဲတွေ ပေးခဲ့ကြတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဝေးရောက် ကြိုတင်မဲတွေကို အောက်တိုဘာလ ၁၃ ရက်နေ့က  စတင်ပြီး နိုင်ငံအသီးသီးက မြန်မာနိုင်ငံသံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ နေ့ရက်သက်မှတ် မဲရုံးတွေ ဖွင့်လှစ်ပြီးဆောင်ရွက်ခဲ့ရာမှာ အောက်တိုဘာလ ၁၉  ရက်နေ့အထိ ၆ ရက်အတွင်း   ကြိုတင်ဆန္ဒမဲပေးသူ (၁၇၄၉၈) ဦး ရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားတာပါ။
MALAY ELECTION
မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင်များ ကြိုတင်မဲပေးနေစဉ်
အဲ့ဒီသတင်းထုတ်ပြန်ချက်ထဲမှာတော့  အောက်တိုဘာလ ၁၈ ရက်နေ့က မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး စုစုပေါင်း (၁၈) ရုံးတွင် (၅၅၉၂)ဦး  ကြိုတင် ဆန္ဒမဲပေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ထိုင်း၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေမှာရောက်ရှိနေထိုင်နေကြတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မြန်မာနိုင်ငံသား အများအပြားကြားမှာတော့  သူတို့ရဲ့  ဆန္ဒမဲပေးခွင့် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)