နေရပ်ပြန် မဲပေးရင် မဲမပေးရသေးကြောင်း သက်သေခံလက်မှတ်လို

0
349
နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒမဲ မပေးရဘဲ နေရပ်ကို ပြန်ပြီး ဆန္ဒမဲ ပေးမယ်ဆိုရင် သံရုံး ဒါမှမဟုတ် ကောင်စစ်ဝန်ရုံးတွေက ဆန္ဒမဲ မပေးရသေးကြောင်း သက်သေခံ လက်မှတ် ရယူကြဖို့ လိုတယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်တဲ့ အဲ့ဒီကြေညာချက်ထဲမှာတော့ ဆန္ဒမဲပေးရသေးကြောင်း သက်သေခံ လက်မှတ်ကို မဲဆန္ဒရှင်တွေအနေနဲ့ ရယူပြီး မဲစာရင်းပါဝင်တဲ့ သက်ဆိုင်ရာ မဲရုံမှူးထံ တင်ပြပြီး ဆန္ဒမဲ ပေးနိုင်ကြမှာဖြစ်တယ်လို့လည်း ဖော်ပြထားတာပါ။
စင်္ကာပူ မြန်မာနိုင်ငံသံရုံးရှေ့ မဲဆန္ဒရှင်များ ကြိုတင်မဲပေးနေစဉ်
စင်္ကာပူ မြန်မာနိုင်ငံသံရုံးရှေ့ မဲဆန္ဒရှင်များ ကြိုတင်မဲပေးနေစဉ်
ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ အောက်တိုဘာလ ၁၃ ရက်နေ့ကနေပြီး ၁၇ ရက်နေ့အထိ ၄ ရက်အတွင်း  နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင် ၁၂၀၀၀ နီးပါး ကြိုတင်မဲ ပေးခဲ့ကြပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)