အုတ္တြင္း ျပည္သူ႔ေဆး႐ံုအုပ္ႀကီး ယာဥ္တိုက္မိၿပီး ကြယ္လြန္

0
327

ပဲခူးတိုင္း၊ ေတာင္ငူခ႐ိုင္၊ အုတ္တြင္းၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ံုအုပ္ႀကီး ေဒါက္တာၾကည္ဆန္းထက္ဟာ ၁၂ ဘီးကားနဲ႔ တိုက္မိလို႔ ကြယ္လြန္သြားပါတယ္။

စက္တင္ဘာလ ၁၈ ရက္ေန႔က ေတာင္ငူၿမိဳ႕နယ္၊ ကံ႐ိုးေက်း႐ြာ၊ ရန္ကုန္-မႏၲေလး လမ္းေဟာင္းအတိုင္း ၫြန္႔ေမာင္ဝင္း (၄၈ႏွစ္) ေမာင္းႏွင္လာတဲ့ ၁၂ ဘီးကားက Feeling စားေသာက္ဆိုင္ေန ထြက္လာၿပီး လမ္းျဖတ္ကူးတဲ့ ေဆး႐ံုအုပ္ႀကီး ေဒါက္တာ ၾကည္ဆန္းထက္ (၅၀ ႏွစ္) ကို တိုက္မိခဲ့တာ ျဖစ္ပါတယ္။

အုတ္တြင္းၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ံုအုပ္ႀကီး ေဒါက္တာၾကည္ဆန္းထက္မွာ ဝဲနားေသြးထြက္၊ ပြန္းျခစ္ေပါက္ၿပဲ ဒဏ္ရာမ်ားနဲ႔ အခင္းျဖစ္ေနရာမွာ ေသဆုံးသြားတဲ့အတြက္ ယာဥ္ေမာင္း ၫြန္႔ေမာင္ဝင္းကို ဖမ္းဆီး အမႈဖြင့္ အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အုတ်တွင်း ပြည်သူ့ဆေးရုံအုပ်ကြီး ယာဉ်တိုက်မိပြီး ကွယ်လွန်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်ဆန်းထက်ဟာ ၁၂ ဘီးကားနဲ့ တိုက်မိလို့ ကွယ်လွန်သွားပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့က တောင်ငူမြို့နယ်၊ ကံရိုးကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ညွန့်မောင်ဝင်း (၄၈နှစ်) မောင်းနှင်လာတဲ့ ၁၂ ဘီးကားက Feeling စားသောက်ဆိုင်နေ ထွက်လာပြီး လမ်းဖြတ်ကူးတဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်ဆန်းထက် (၅၀ နှစ်) ကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။

အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်ဆန်းထက်မှာ ဝဲနားသွေးထွက်၊ ပွန်းခြစ်ပေါက်ပြဲ ဒဏ်ရာများနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတဲ့အတွက် ယာဉ်မောင်း ညွန့်မောင်ဝင်းကို ဖမ်းဆီး အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)