မိမိျပည္တြင္းေရးကိစၥ မိမိတို႔ဘာသာ ေျဖရွင္းေဆာင္ရြက္ႏိုင္စြမ္းရွိ

0
318

ျမန္မာႏိုင္ငံဟာ မိမိရဲ႕ အခ်ဳပ္အျခာအာဏာကို က်င့္သုံးၿပီး မိမိျပည္တြင္းေရးကိစၥကို မိမိတို႔ဘာသာ ေျဖရွင္းေဆာင္ရြက္ႏိုင္စြမ္း ရွိေၾကာင္းနဲ႔ ဒီလို ေျဖရွင္းေဆာင္ရြက္ႏိုင္ဖို႔လည္း စိတ္ပိုင္းျဖတ္ခ်က္ အခိုင္အမာရွိတယ္လို႔ ႏိုင္ငံေတာ္အတုိင္ပင္ခံ႐ံုးဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ေျပာပါတယ္။

မေန႔က စက္တင္ဘာ ၂၀ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ႏိုင္ငံေတာ္ရဲ႕ အေျခအေနအရပ္ရပ္နဲ႔စပ္လ်ဥ္းၿပီး ႏိုင္ငံေတာ္ အတုိင္ပင္ခံ႐ံုးဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ျမန္မာႏိုင္ငံအေနနဲ႔ ႏိုင္ငံတစ္ႏိုင္ငံခ်င္းရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္မႈနဲ႔ ဂုဏ္သိကၡာကို အေလးထားတဲ့နည္းတူ ႏိုင္ငံတကာဆက္ဆံေရး ေကာင္းမြန္ေစမယ့္၊ ကမာၻတစ္ဝန္း တည္ၿငိမ္ေအးခ်မ္းမႈကို အားေပးမယ့္ ခင္မင္ရင္းႏွီးမႈမ်ား ပြားမ်ားေစဖို႔ အစဥ္တစိုက္ ႀကိဳးပမ္းအားထုတ္သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္ အေရးကိစၥကို ကိုင္တြယ္ေျဖရွင္းရာမွာ မတူကြဲျပားမႈေတြအၾကားမွာ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနထိုင္ႏိုင္ေရးကို ဦးတည္ခ်က္ထားၿပီး အေကာင္အထည္ ေဖာ္သြားမွာျဖစ္ေၾကာင္း၊ ဒါေပမယ့္ ဒီပဋိပကၡေတြ၊ တင္းမာမႈေတြ ျဖစ္ပြားခဲ့စဥ္က ရွိခဲ့ၾကတဲ့ ႐ႈျမင္ခ်က္အေဟာင္း၊ အယူအဆ အေဟာင္းေတြနဲ႔ ေျဖရွင္းႏိုင္မွာ မဟုတ္ေၾကာင္းလည္း သူက ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိမိပြည်တွင်းရေးကိစ္စ မိမိတို့ဘာသာ ဖြေရှင်းဆောင်ရွက်နိုင်စွမ်းရှိ

မြန်မာနိုင်ငံဟာ မိမိရဲ့ အချုပ်အခြာအာဏာကို ကျင့်သုံးပြီး မိမိပြည်တွင်းရေးကိစ္စကို မိမိတို့ဘာသာ ဖြေရှင်းဆောင်ရွက်နိုင်စွမ်း ရှိကြောင်းနဲ့ ဒီလို ဖြေရှင်းဆောင်ရွက်နိုင်ဖို့လည်း စိတ်ပိုင်းဖြတ်ချက် အခိုင်အမာရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

မနေ့က စက်တင်ဘာ ၂၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်ရဲ့ အခြေအနေအရပ်ရပ်နဲ့စပ်လျဉ်းပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတစ်နိုင်ငံချင်းရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ ဂုဏ်သိက္ခာကို အလေးထားတဲ့နည်းတူ နိုင်ငံတကာဆက်ဆံရေး ကောင်းမွန်စေမယ့်၊ ကမ္ဘာတစ်ဝန်း တည်ငြိမ်အေးချမ်းမှုကို အားပေးမယ့် ခင်မင်ရင်းနှီးမှုများ ပွားများစေဖို့ အစဉ်တစိုက် ကြိုးပမ်းအားထုတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ မတူကွဲပြားမှုတွေအကြားမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို ဦးတည်ချက်ထားပြီး အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဒီပဋိပက္ခတွေ၊ တင်းမာမှုတွေ ဖြစ်ပွားခဲ့စဉ်က ရှိခဲ့ကြတဲ့ ရှုမြင်ချက်အဟောင်း၊ အယူအဆ အဟောင်းတွေနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းလည်း သူက ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)