၇၄ ႀကိမ္ေျမာက္ မဲေခါင္ျမစ္အတြင္း ပူးတြဲကင္းလွည့္

0
217

တ႐ုတ္၊ လာအို၊ ျမန္မာနဲ႔ ထိုင္းႏိုင္ငံက လံုၿခံဳေရးတပ္ဖြဲ႔ေတြ ပူးေပါင္းၿပီး မဲေခါင္းျမစ္အတြင္း ၇၄ ႀကိမ္ေျမာက္ ပူးတြဲကင္းလွည့္မႈကို စတင္ေနၿပီ ျဖစ္ပါတယ္။

မဲေခါင္ျမစ္အတြင္း မူးယစ္ေဆးဝါး ေမွာင္ခိုမႈနဲ႔ ရာဇဝတ္မႈေတြကို ေလွ်ာ့ခ်ေရးအတြက္ ေရႊႀတိဂံေဒသ အပါအဝင္ မဲေခါင္ျမစ္အတြင္းက သေဘၤာေတြကို ေရွာင္တခင္ စစ္ေဆးမွာ ျဖစ္တယ္လို႔ ခ်ိဳင္းနားသတင္းမွာ ေဖာ္ျပထားပါတယ္။ မန္းကြတ္ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ မိုးသည္းထန္ေနတဲ့အတြက္ ပူးတြဲကင္းလွည့္အဖြဲ႔ဟာ အေရးေပၚ ကယ္ဆယ္ေရးနဲ႔ လံုၿခံဳေရးအတြက္လည္း ျပင္ဆင္ခဲ့ရပါတယ္။

မဲေခါင္ျမစ္ ထိုင္းေရပိုင္နက္ထဲမွာ ကုန္တင္သေဘၤာ ၂ စီး ျပန္ေပးဆြဲခံရၿပီး တ႐ုတ္သေဘၤာသား ၁၃ ဦး အသတ္ခံရၿပီးေနာက္ မဲေခါင္ျမစ္အတြင္း ၄ ႏိုင္ငံ ပူးတြဲ ကင္းလွည့္တာကို ၂၀၁၁ ခုႏွစ္ကတည္းက စတင္လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၇၄ ကြိမ်မြောက် မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်

တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မဲခေါင်းမြစ်အတွင်း ၇၄ ကြိမ်မြောက် ပူးတွဲကင်းလှည့်မှုကို စတင်နေပြီ ဖြစ်ပါတယ်။

မဲခေါင်မြစ်အတွင်း မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ ရာဇဝတ်မှုတွေကို လျှော့ချရေးအတွက် ရွှေတြိဂံဒေသ အပါအဝင် မဲခေါင်မြစ်အတွင်းက သင်္ဘောတွေကို ရှောင်တခင် စစ်ဆေးမှာ ဖြစ်တယ်လို့ ချိုင်းနားသတင်းမှာ ဖော်ပြထားပါတယ်။ မန်းကွတ် တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်နေတဲ့အတွက် ပူးတွဲကင်းလှည့်အဖွဲ့ဟာ အရေးပေါ် ကယ်ဆယ်ရေးနဲ့ လုံခြုံရေးအတွက်လည်း ပြင်ဆင်ခဲ့ရပါတယ်။

မဲခေါင်မြစ် ထိုင်းရေပိုင်နက်ထဲမှာ ကုန်တင်သင်္ဘော ၂ စီး ပြန်ပေးဆွဲခံရပြီး တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရပြီးနောက် မဲခေါင်မြစ်အတွင်း ၄ နိုင်ငံ ပူးတွဲ ကင်းလှည့်တာကို ၂၀၁၁ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)