ဒုကၡသည္စခန္း ေျမၿပိဳမႈ ေပ်ာက္ဆံုးသူေတြ ဆက္ရွာေဖြ၊ အေလာင္း တစ္ေလာင္း ေတြ႔ရွိ

0
191

ထိုင္း-ျမန္မာနယ္စပ္ မယ္ေဟာင္ေဆာင္ရွိ ဒုကၡသည္စခန္းမွာ စက္တင္ဘာ ၁၆ ရက္ေန႔ညက ေျမၿပိဳမႈေၾကာင့္ ေပ်ာက္ဆံုးေနသူ ၇ ဦးကို ဆက္လက္ရွာေဖြေနရာမွာ မိန္းကေလးငယ္တစ္ဦးရဲ႕ အေလာင္းကို ျမစ္အနီးမွာ ရွာေဖြေတြ႔ရွိခဲ့ပါတယ္။

မိန္းကေလးငယ္ အေလာင္းကို မိုးအဲျမစ္ထဲမွာ ေမ်ာပါေနတာကို မေန႔က စက္တင္ဘာ ၁၉ ရက္ေန႔မွာ ေတြ႔ရွိခဲ့တာ ျဖစ္တယ္လို႔ ေဘးအႏၱရာယ္ တားဆီးကာကြယ္ေရးႏွင့္ ေလွ်ာ့ခ်ေရး႐ံုးက ေျပာပါတယ္။ ေျမၿပိဳစဥ္က ေပ်ာက္ဆံုးေနတဲ့ လူ ၇ ဦးအနက္ ကေလးငယ္ ၅ ဦး ပါဝင္ရာ အခု ေတြ႔ရွိတဲ့ မိန္းကေလးအေလာင္းက အပါအဝင္ ဟုတ္၊ မဟုတ္ ထိုင္းအာဏာပိုင္ေတြက စိစစ္ေနပါတယ္။

ဒုကၡသည္ ၉ ေထာင္ခန္႔ ေနထိုင္တဲ့ ဘန္းမယ္လအြန္ဒုကၡသည္စခန္းမွာ မိုးသည္းထန္ၿပီး ေတာင္က်ေရေၾကာင့္ ေျမၿပိဳမႈ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အသက္ ၂ ႏွစ္အရြယ္ ကေလးငယ္ တစ္ဦး ေသဆံုးၿပီး ၇ ဦး ေပ်ာက္ဆံုးေနခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်စခန်း မြေပြိုမှု ပျောက်ဆုံးသူတွေ ဆက်ရှာဖွေ၊ အလောင်း တစ်လောင်း တွေ့ရှိ

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ရှိ ဒုက္ခသည်စခန်းမှာ စက်တင်ဘာ ၁၆ ရက်နေ့ညက မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၇ ဦးကို ဆက်လက်ရှာဖွေနေရာမှာ မိန်းကလေးငယ်တစ်ဦးရဲ့ အလောင်းကို မြစ်အနီးမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မိန်းကလေးငယ် အလောင်းကို မိုးအဲမြစ်ထဲမှာ မျောပါနေတာကို မနေ့က စက်တင်ဘာ ၁၉ ရက်နေ့မှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေးရုံးက ပြောပါတယ်။ မြေပြိုစဉ်က ပျောက်ဆုံးနေတဲ့ လူ ၇ ဦးအနက် ကလေးငယ် ၅ ဦး ပါဝင်ရာ အခု တွေ့ရှိတဲ့ မိန်းကလေးအလောင်းက အပါအဝင် ဟုတ်၊ မဟုတ် ထိုင်းအာဏာပိုင်တွေက စိစစ်နေပါတယ်။

ဒုက္ခသည် ၉ ထောင်ခန့် နေထိုင်တဲ့ ဘန်းမယ်လအွန်ဒုက္ခသည်စခန်းမှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)