
0
347



……………………..။ ။ ………………………

တရုတ်က ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် ကျပ်သန်း ၂၀ဝ လှူ

တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွက် မြန်မာကျပ်ငွေ သန်း ၂၀ဝ ကူညီပေးလိုက်ပြီး အခု ကူညီထောက်ပံ့ပေးတဲ့ငွေဟာ ရခိုင်ပြည်နယ်မှာ တည်ငြိမ်ရေးနဲ့ ငြိမ်ချမ်းရေးဖြစ်စေဖို့ ဆောင်ရွက်ရာမှာ အသုံးဝင်နိုင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လန်ကပြောပါတယ်။

တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးဖြစ်ပေါ်စေဖို့ အစိုးရ ရဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက် ကူညီထောက်ပံ့ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအပါဝင် နိုင်ငံတကာကလည်း မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံတွေကို ကူညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)