အဓိက ရည္မွန္းခ်က္ဟာ အမ်ိဳးသားျပန္သင့္ျမတ္ေရးလို႔ ႏုိင္ငံေတာ္အတုိင္ပင္ခံ ပုဂၢိဳလ္ေျပာ

0
348

ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တပ္မေတာ္ စစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ သူ႔ရဲ႕ ဆက္ဆံေရးဟာ ပံုမွန္သာရွိေနၿပီး သူ႔ရဲ႕ အဓိက ရည္မွန္းခ်က္ဟာ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးျဖစ္တယ္လို႔ RFA သတင္းဌာနနဲ႔ ေတြဆံုေမးျမန္းခန္းမွာ ေျပာလိုက္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က တပ္မေတာ္အေပၚ သေဘာထား ေပ်ာ့ေျပာင္းမႈေတြ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ အခုလို ေျပာခဲ့တာျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ ရပ္တည္ခ်က္ ေျပာင္းလဲမႈမရွိဘူး၊ အဓိက ရည္မွန္းခ်က္ဟာ အမ်ိဳးသားျပန္လည့္သင့္ျမတ္ေရးျဖစ္ၿပီး တပ္မေတာ္အေပၚ ေဝဖန္မႈေတြ လုပ္ေဆာင္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

ဒါ့အျပင္ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေဆာင္ရြက္မႈေတြအေပၚ မူတည္ၿပီး သေဘာထား မတုိက္ဆုိင္မႈ ရွိေကာင္းရွိႏုိင္ေၾကာင္း၊ အေျပာင္းအလဲေတြ ျဖစ္ေစဖို႔ လႊတ္ေတာ္အတြင္းကေန ဆက္လက္ လုပ္ေဆာင္ေနေၾကာင္း၊ အရင္ကလည္း တပ္မေတာ္နဲ႔အတူ ခိုင္မာစြာ ရပ္တည္မႈေတြ ရွိခဲ့သလို အခုလည္း တပ္မေတာ္နဲ႔အတူ ရပ္တည္ေနတယ္လို႔ ေျပာဆုိခဲ့ပါတယ္။
……………………………။ ။ ………………………….

အဓိက ရည်မှန်းချက်ဟာ အမျိုးသားပြန်သင့်မြတ်ရေးလို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် စစ်ဗိုလ်ချုပ်တွေနဲ့ သူ့ရဲ့ ဆက်ဆံရေးဟာ ပုံမှန်သာရှိနေပြီး သူ့ရဲ့ အဓိက ရည်မှန်းချက်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးဖြစ်တယ်လို့ RFA သတင်းဌာနနဲ့ တွေဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အပေါ် သဘောထား ပျော့ပြောင်းမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ရပ်တည်ချက် ပြောင်းလဲမှုမရှိဘူး၊ အဓိက ရည်မှန်းချက်ဟာ အမျိုးသားပြန်လည့်သင့်မြတ်ရေးဖြစ်ပြီး တပ်မတော်အပေါ် ဝေဖန်မှုတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်မှုတွေအပေါ် မူတည်ပြီး သဘောထား မတိုက်ဆိုင်မှု ရှိကောင်းရှိနိုင်ကြောင်း၊ အပြောင်းအလဲတွေ ဖြစ်စေဖို့ လွှတ်တော်အတွင်းကနေ ဆက်လက် လုပ်ဆောင်နေကြောင်း၊ အရင်ကလည်း တပ်မတော်နဲ့အတူ ခိုင်မာစွာ ရပ်တည်မှုတွေ ရှိခဲ့သလို အခုလည်း တပ်မတော်နဲ့အတူ ရပ်တည်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)