
0
425




…………………………..။ ။ ………………………..

ဘင်္ဂါလီတွေကို ပါကစ္စတန်နိုင်ငံဆီ ခေါ်ဆောင်ဖို့ အိန္ဒိယ ဝန်ကြီးဆို

ပါကစ္စတန် နိုင်ငံအနေနဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေကို အကာအကွယ်ပေးသင့်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

မြန်မာအစိုးရ၊ ဘင်္ဂါလီတွေကို ညှင်းပန်းနှိပ်စက်မှု ပြုလုပ်တဲ့တခြားနိုင်ငံတွေကို ဂျီဟတ်လုပ်ဆောင်ဖို့ မွတ်စလင်ကမ္ဘာက လူတွေ စုစည်းညီညွတ်ရမယ်လို့ ပါကစ္စတန် အခြေစိုက် အကြမ်းဖက်အုပ်စုဖြစ်တဲ့ Jaish-e-Mohammad အဖွဲ့ခေါင်းဆောင် က ပြောဆိုပြီးနောက် အိန္ဒိယနိုင်ငံက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို နိုင်ငံအတွင်း တရားမဝင်ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေက ခြိမ်းခြောက်နေတယ်လို့ အိန္ဒိယ အလတ်စား၊ အသေးစား စီးပွားရေးလုပ်ငန်းဝန်ကြီး ဂီရီရက် ဆင်းက ပြောခဲ့ပါတယ်။ ဘင်္ဂါလီတွေကို စာနားထောက်ထားတယ်ဆိုရင် တရားမဝင် ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေကို ပါကစ္စတန်နိုင်ငံကို ခေါ်ဆောင်သွားသင့်တယ်လို့ အိန္ဒိယ ဝန်ကြီးက အစွန်းရောက်အဖွဲ့ခေါင်းဆောင် မာဆွတ် အေဟာကို ပြောပါတယ်။ အိန္ဒိယ နိုင်ငံကတော့ တရားမဝင် ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေကို လက်မခံနိုင်ဘူးလို့ ဝန်ကြီးဆင်းကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)