ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အမြန်ဆုံးပြဌာန်းဖို့လိုတယ်

0
317

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အမြန်ဆုံးပြဌာန်းနိုင်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၁၈ ရက်နေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

ဒါအပြင်  ပြန်လည်ရုပ်သိမ်းနိုင်ရေးအတွက် မဲဆန္ဒရှင် ၁ % က တိုင်ကြားနိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့အတူ လုပ်ဆောင်ရမယ့် အချက်တွေအများအပြားရှိနေတာကြောင့် ကိုယ်စားလှယ်တွေအနေနဲ့ ဒီကစ္စတွေကို လိုက်ဖြေရှင်းနေရရင် လွှတ်တော်တွင်းကိစ္စတွေကို မဆောင်ရွက်နိုင်မယ့် အခြေအနေမျိုးတွေ ရှိနေတာကြောင့် ရာခိုင်နှုန်းသတ်မှတ်ချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကိုပါ ပြန်သုံးသပ်ဖို့လိုတယ်လို့လည်း ပြောကြားလိုက်တာဖြစ်ပါတယ်။

အပြည့်အစုံကို ရုပ်သံသတင်းပေးပို့ချက်မှာတွေ့မြင်ကြရမှာဖြစ်ပါတယ်

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)